တရုတ်နိုင်ငံ၏ တားမြစ်ပိတ်ပင်ထားသော ကိုရီးယားအနုပညာရှင်စာရင်း ပေါက်ကြား

တရုတ်နိုင်ငံ၏ တားမြစ်ပိတ်ပင်ထားသော ကိုရီးယားအနုပညာရှင်စာရင်း ပေါက်ကြား

ဆိုးလ်၊ သြဂုတ် ၈ ။              ။ တရုတ်နိုင်ငံ၏ တားမြစ်ပိတ်ပင်ထားသော ကိုရီးယားအနုပညာရှင်များစာရင်းသည် အွန်လိုင်းတွင် ပေါက်ကြားခဲ့ကြောင်း တရုတ်မီဒီယာ  Sina က သတင်းထုတ်ပြန်သည်။

နာမည်ကျော်ကြားသော အနုပညာရှင်များ တားမြစ်မှုအမိန့်ထုတ်ပြန်ချက်သည် တရုတ်နိုင်ငံတွင် ကိုရီးယားဇာတ်ကားများ နှင့် ကိုရီးယားအနုပညာရှင်များ၏လှုပ်ရှားမှုများကို တားမြစ်သည့် အမိန့်ဖြစ်သည်။ နာမည်ကျော်ကြားသော အနုပညာရှင်များ တားမြစ်မှုအမိန့်တွင် ပါဝင်သော ထုတ်လုပ်ရေး ၅၃ ခုနှင့် ကိုရီးယား အနုပညာရှင်များနာမည်များ အွန်လိုင်းတွင် ပေါက်ကြားခဲ့ကြောင်း Sina က ကြေညာခဲ့သည်။

တားမြစ်ထားသော စာရင်းတွင်  “ Saimdang”ဇာတ်ကား  ၊   လီယောင်အေး ပါဝင်သရုပ်ဆောင်ထားသော “Light’s Diary” ဇာတ်ကား ၊  လီဂျောင်ဆွတ်ခ် ပါဝင်သရုပ်ဆောင်ထားသော “ Jade Lovers” ဇာတ်ကား ၊ ယိုအင်နာ ပါဝင်သရုပ်ဆောင်ထားသော “ Love Weaves Through A Millennium” ဇာတ်ကား ၊  ဂျီချောင်ဝုခ်  ပါဝင်သရုပ်ဆောင်ထားသော “ Mr. Right” ဇာတ်ကား  ၊ “ Graduation Season” ဇာတ်ကား ကဲ့သို့သော ကိုရီယား - တရုတ် ပူးပေါင်းထုတ်လုပ်သည့် ဒရမ်မာဇာတ်ကားများ ပါဝင်သည်။

တရုတ် ရုပ်မြင်သံကြားလုပ်ငန်းက ကိုရီးယားဇာတ်ကားများကို တားမြစ်ထားကြောင်း  Sina ကပြောကြားသည်။ “ Saimdang” နှင့် “ Light’s Diary” ဒရမ်မာဇာတ်ကားများသည် တရုတ်နိုင်ငံတွင် ထုတ်လွှင့်ပြသခွင့်မရှိကြောင်း  နှင့် Hunan ရုပ်မြင်သံကြား၏  “ Whirl Whirl Girl2”  အစီစဉ်တွင် မင်းသား ဂျီချောင်ဝုခ် ပါဝင်သရုပ်ဆောင်ထားသော အပိုင်းသည်လည်း  ပယ်ဖျက်သွားမည်ဖြစ်ကြောင်း Sinaသတင်းဌာနက ပြောကြားသည်။

လက်ရှိအချိန်တွင် စာရင်း ဘယ်လိုပေါက်ကြားခဲ့သည်ကို  မသိရှိရသေးကြောင်း နှင့် တရုတ်နိုင်ငံပိုင် ရေဒီယို ၊ ရုပ်ရှင် နှင့် ရုပ်မြင်သံကြား ကွပ်ကွဲမှုဌာနသည်  မည်သည့် ရပ်တည်ချက် သဘောထားကိုမျှ ကြေညာထုတ်ပြန်ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required