စိတ်ကူးယဉ် ဒရမ်မာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Game of Thrones ဇာတ်ကားကို အပိုင်း ၈ ပြသပြီးနောက် အဆုံးသတ်တော့မည်ဖြစ်ကြောင်း အမေရိကန် ရုပ်သံဌာန HBO က အတည်ပြု ပြောကြားသည်။
HBO အစီစဉ်ရေးဆွဲသူ အကြီးအကဲ ကေဆီဘလွိုင်းစ်က ရုပ်မြင်သံကြားဆိုင်ရာ ဝေဖန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
Game of Thrones ဇာတ်ကား အပိုင်း ၇ ကို လာမည့်နှစ် နွေရာသီတွင် ပြသရန် မျှော်မှန်းထားပြီး ၂၀၁၈ ခုနှစ်တွင် နောက်ဆုံးအပိုင်းကို ပြသသွားမည်ဖြစ်သည်။ Game of Thrones ဇာတ်ကားသည် ဂျော့အာအာ မာတင်ရေးသားသော ဝတ္တုများကို အခြေခံထားသည်။
ကာလီဖိုးနီးယားပြည်နယ် ဘရီဗာလီဟေးလ်မြို့တွင် ဇူလိုင် ၃၀ ရက်က ပြောကြားရာတွင် Game of Thrones နောက်ဆုံးအပိုင်းအတွက် ဇာတ်လမ်းပိုင်းအရေအတွက် မည်မျှပါဝင်မည်ကို ယခုအချိန်ထိ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က Game of Thrones ဇာတ်ကားသည် တစ်နှစ်အတွင်း Emmy Awards ဆု ၁၂ ဆု စံချိန်တင် ရရှိခဲ့သည်။ စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် ယခုနှစ်၏ Emmy Awards ဆုပေးပွဲတွင်လည်း ဆု ၂၃ ဆုအတွက် လျာထားခံရသည်။
Ref; BBC