ဟီလာရီကလင်တန်အား ဒီမိုကရတ်တစ်ပါတီသမ္မတလောင်းအဖြစ် ရွေးချယ်

ဟီလာရီကလင်တန်အား ဒီမိုကရတ်တစ်ပါတီသမ္မတလောင်းအဖြစ် ရွေးချယ်

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၂၇ ။             ။ အမေရိကန် ပါတီကြီးများသမိုင်းတွင် ပထမဆုံးအနေဖြင့် အမျိုးသမီးတစ်ဦးအား သမ္မတလောင်းအဖြစ် ရွေးချယ်ခြင်းအဖြစ် ဒီမိုကရက်တစ်ပါတီကြီးက ဟီလာရီကလင်တန်အား ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည်။

ဒီမိုကရက်တစ်အမျိုးသားညီလာခံတွင် ပြည်နယ် ၅၀ လုံး မဲပေးမှုများတွင် ဟီလာရီက စံတစ်ခုအထိ မဲရလဒ် ရရှိခဲ့ခြင်းဖြစ်သည်။

ဆီးနိတ်လွှတ်တော်အမတ် ဘာနေးဆန်ဒါးဖက်က ထောက်ခံသူများက ညီလာခံပထမရက်၌ လှောင်ပြောင်သရောခြင်းများဖြင့် အနှောင့်အယှက်ပြုခံရပြီးနောက် ဟီလာရီက ယခုကဲ့သို့ ပါတီသမ္မတလောင်းအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။

ပါတီတာဝန်ရှိသူများက ထိုသို့ ဆန့်ကျင်သူများကြောင့် ညီလာခံအတွင်း တင်းမာမှုများဖြစ်ပွားသည်ကို ဖြေလျော့ရေး လုပ်ဆောင်ခဲ့ရသည်။

တောင်ဒါကိုတာ၏ မဲရလဒ်ကြေညာအပြီးတွင် ကလင်တန်က လိုအပ်မဲ ၂၃၈၂ မဲကို ရရှိကာ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required