ခရစ်ဟမ်စ်ဝေါ့ “ Star Trek 4” ဇာတ်ကားတွင် ပါ၀င်သရုပ်ဆောင်သွားမည်

ခရစ်ဟမ်စ်ဝေါ့ “ Star Trek 4” ဇာတ်ကားတွင် ပါ၀င်သရုပ်ဆောင်သွားမည်

နယူးယော့ခ် ၊ ဇူလိုင် ၁၉ ။           ။ နာမည်ကျော်မင်းသား ခရစ်ဟမ်စ်ဝေါ့သည် “ Star Trek” ရုပ်ရှင်ကား နောက်ဆက်တွဲရုပ်ရှင် အပိုင်း ၄ တွင် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းရုပ်ရှင်ကားတွင် အသက် ၃၂ နှစ်အရွယ်ရှိ မင်းသားခရစ်သည်  အရာရှိ ဂျိမ်းစ်တီခရစ်၏ ဖခင် ဂျော့ခရစ်အဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ပြီး အရာရှိ ဂျိမ်းစ်တီခရစ်အဖြစ် ခရစ်ပိုင်းက ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

ဟမ်စ်ဝေါ့သည် “ Star Trek” ရုပ်ရှင်ကားတွင် ၂၀၀၉ ခုနှစ်က ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း နှင့် ယခုတစ်ကြိမ်တွင် ဖခင်ဖြစ်သူ ဂျော့ခရစ်ခ် ဇာတ်ကောင်စရိုက်ကို ပြန်လည်ပါဝင် သရုပ်ဆောင် သွားမည်ဖြစ်သည်။ ကျန်ရှိနေသော သရုပ်ဆောင်များသည်လည်း ရုပ်ရှင်ကားတွင် ပြန်လည်ပါဝင် သရုပ်ဆောင်မည်ဟု မျှော်မှန်းထားသည်။

ဂျေဒီပိန်းနှင့် ပက်ထရစ်ခ်မက်စ်ကေးတို့သည် ဇာတ်ညွန်း ရေးသွားမည်ဖြစ်ပြီး ဂျေဂျေ အေဘရမ်နှင့် လင်ဆေးဝီဘာတို့သည် Bad Robot ထုတ်လုပ်ရေးမှတစ်ဆင့် ရုပ်ရှင်ကားကို ထုတ်လုပ်သွားမည်ဖြစ်သည်။

ကြေညာချက်တွင် မည်သည့် ဒါရိုက်တာက ရိုက်ကူးသွားမည်ကို ပြောကြားခြင်းမရှိခဲ့ပေ။” Star Trek Beyond” ရုပ်ရှင်ကားကို ဒါရိုက်တာ ဂျက်စတင်လင်းက ရိုက်ကူးခဲ့ပြီး Doug Jung နှင့် ဆိုင်မွန် ပက်တို့က ဇာတ်ညွှန်းရေးသားခဲ့သည်။

“Star Trek” ရုပ်ရှင်ကားသည် ၂၀၀၉ ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၈၀ အမြတ်ငွေရရှိခဲ့ပြီး “ Star Trek: Into Darkness” ဇာတ်ကားသည် ကမ္ဘာတစ်ဝန်းတွင် အမေရိ ကန်ဒေါ်လာ သန်း ၄၆၀ ရရှိခဲ့သည်။

“Star Trek Beyond” ရုပ်ရှင်ကားကို ဆန်ဒီယာဂိုမြို့ရှိ Comic-Con ၌ ဇူလိုင် ၂၀ရက်တွင် ပွဲဦးထွက် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ဟမ်စ်ဝေါ့သည် လက်ရှိအချိန်တွင် မလစ်ဆာမက်စ်ကာ သီနှင့် ခရစ္စတင်းဝိတို့နှင့်အတူ “Ghostbusters” ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required