တောင်ကိုရီးယားတွင် အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကျက်မည့်အစီအစဉ်အပေါ် ဆန့်ကျင်ဆန္ဒပြသူများက ၀န်ကြီးချုပ်ကို ကြက်ဥ ၊ရေဗူးများဖြင့် ပစ်ပေါက်

တောင်ကိုရီးယားတွင် အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကျက်မည့်အစီအစဉ်အပေါ် ဆန့်ကျင်ဆန္ဒပြသူများက ၀န်ကြီးချုပ်ကို ကြက်ဥ ၊ရေဗူးများဖြင့် ပစ်ပေါက်

ဇူလိုင် ၁၆ ။              ။ နိုင်ငံတွင် အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကျက်ထားရှိမည့်ဆုံးဖြတ်ချက်အပေါ်  ဒေါသထွက်နေသော တောင်ကိုရီးယား ဆန္ဒပြလူအုပ်စုတစ်စုက ဇူလိုင်လ ၁၅ ရက်မှာ ဝန်ကြီးချုပ် Huang Kyo-Ahn ကို ကြက်ဥများ၊ ရေဗူးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုဖြစ်သော THAAD စနစ်ကို လာမည့် နှစ်ကုန်ပိုင်းမတိုင်ခင် ဆိုးလ်မြို့၏ အရှေ့တောင်ဘက် ၂၀၀ ကီလိုမီတာ အကွာ Seongju ကောင်တီတွင် တပ်ဆင်ထားရှိမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ဇူလိုင် ၁၃ ရက် ကြေညာခဲ့သည်။

ထိုကြေညာချက်ကြောင့် မြို့ခံများ ဒေါသထွက်ခဲ့ကြပြီး ဒုံးကျည်စနစ်ဖြန့်ကျက်မှုက ၎င်းတို့၏ ဖရဲစိုက်လုပ်ငန်းကို ထိခိုက်စေမည်ဖြစ်ကာ ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများဖြစ်ပေါ်လာမည်ဟု ပြောဆိုနေကြသည်။

" ခုလို ကြိုတင်သတိပေးမှုတွေ မလုပ်ဖို့ ကျွန်တော်တို့ တောင်းပန်ပါတယ်" ဟု ဇူလိုင်လ ၁၅ ရက်က Seongju ကောင်တီအစိုးရရုံးရှေ့ စုဝေးရောက်ရှိနေသော ဆန္ဒပြသူ ၃,၀၀၀၏ ရှေ့တွင် ဝန်ကြီးချုပ်က ပြောကြားသွားသည်။

"ကျွန်တော်တို့ အစိုးရအနေနဲ့ အကောင်းဆုံးလုပ်ဆောင်သွားမှာပါ၊ ဒီမှာနေကြတဲ့ ဒေသခံတွေ ဘာမှ စိုးရိမ်စရာမလိုဘဲ နေသွားနိုင်ပါတယ်" ဟု ဝန်ကြီးချုပ်က ပြောကြားသွားသည်။

သို့သော် ဆန္ဒပြသူများက ကြက်ဥ၊ ရေဗူးများဖြင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် လုံခြုံရေးဝန်ထမ်းများက ဝန်ကြီးချုပ်နှင့် အဖွဲ့ကို ထီးများဖြင့် ကာကွယ်ပေးခဲ့ရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required