ပရိသတ်များ မက်ဆီကိုထောက်ခံအားပေးရန် ဘာစီလိုနာအသင်းတောင်းဆို

ပရိသတ်များ မက်ဆီကိုထောက်ခံအားပေးရန် ဘာစီလိုနာအသင်းတောင်းဆို

ဇူလိုင် ၁၀၊ ဘာစီလိုနာ ။                      ။ အခွန်ရှောင်ခဲ့ကြောင်း ပြစ်မှုထင်ရှားခဲ့သည့် မက်ဆီကို ပရိသတ်များထောက်ခံအားပေးကြရန် ကမ်ပိန်တစ်ခုကို ဘာစီလိုနာ အသင်းက ပြုလုပ်လိုက်သည်။

မက်ဆီနှင့် ဖခင် ဂျော့ တို့မှာ ယခုတစ်ပတ်အစောပိုင်းတွင် စပိန်တရားရုံးတစ်ခု၏ ထောင် ၂၁ လ ပြစ်ဒဏ် ချမှတ်ခံထားရသည်။

၂၀၀၇ မှ ၂၀၀၉ ခုနှစ်အတွင်း စပိန်နိုင်ငံကိုပေးဆောင်ရမည့် ယူရို ၄ ဒသမ ၁ သန်း ရှောင်လွှဲမှုနှင့်ပတ်သက်ပြီး ပြစ်ဒဏ်ချခံရ ခြင်းကို မက်ဆီတို့က အယူခံဝင်သွားမည်ဖြစ်သည်။

စပိန်ဥပဒေအရ နှစ်ယောက်စလုံးထောင်ဒဏ်ကျခံရမည်မဟုတ်ဟု မျှော်လင့်ရပြီး ဘာစီလိုနာအသင်းက လူမှုကွန်ယက်တွင် ထောက်ခံအားပေးသည့်လှုပ်ရှားမှုတစ်ရပ်ကို စတင်လိုက်ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်လေးကြိမ်နှင့် လာလီဂါရှစ်ကြိမ်ရအောင် ကူညီပေးနိုင်ခဲ့သည့် အသက် ၂၉ နှစ်အရွယ် အာဂျင်တီးနားကစားသမားသည် အခွန်ရှောင်မှုဖြင့် ယူရို ၂ သန်းဒဏ်ရိုက်ခံရပြီး ဖခင်ဖြစ်သူမှာ ယူရို တစ်သန်းခွဲ ဒဏ်ရိုက်ခံ ရသည်။

စပိန်တရားဥပဒေအရ နှစ်နှစ်အောက် ထောင်ဒဏ်ပြစ်ဒဏ်မှာ ပြင်ပတွင်သာအနေအထိုင်ဆင်ခြင်ပြီး နေထိုင်နိုင်မည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required