တောင်ကိုရီးယား မင်းသမီး ဟာဂျီဝမ် ဟောင်ကောင်ဒါရိုက်တာ ရိုက်ကူးမည့် ရုပ်ရှင်တွင် ပါ၀င် သရုပ်ဆောင်မည်

တောင်ကိုရီးယား မင်းသမီး ဟာဂျီဝမ် ဟောင်ကောင်ဒါရိုက်တာ ရိုက်ကူးမည့် ရုပ်ရှင်တွင် ပါ၀င် သရုပ်ဆောင်မည်

တောင်ကိုရီးယားမင်းသမီး ဟာဂျီဝမ်သည် ဟောင်ကောင်ဒါရိုက်တာ ဂျွန်ဝူရိုက်ကူးမည့် ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်သွားမည်ဟု အတည်ပြု ပြောကြားခဲ့သည်။

၁၉ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အတွင်း Media Asia Group က ကြီးမှူး ကျင်းပသော ညစာစားပွဲတွင် အသက် ၃၇ နှစ်အရွယ်ရှိ ဟာဂျီဝမ်က ဒါရိုက်တာဝူ၏ မကြာမီထုတ် လွှင့်ပြသမည့် “Manhunt” ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

“ကျွန်မတို့ အရွယ်ရောက်လာတဲ့အချိန်မှာ ကျွန်မတို့အားလုံး လေးစားရတဲ့ ဒါရိုက်တာဝူ ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ရမယ်ဆိုတဲ့အတွက် စိတ်ကူးအိပ်မက်တွေဟာ အမှန်တစ် ကယ် ဖြစ်လာနေပါပြီ။ ဒါဟာ ကျွန်မအတွက်တော့ ဂုဏ်ယူမှုတစ်ခုပါပဲ” ဟု ဟာဂျီဝမ်က ပြောကြား ခဲ့သည်။

“Manhunt” ဇာတ်ကားတွင် ဟာဂျီဝမ်းသည် အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူအဖြစ် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required