Chatriumဟိုတယ်မှ စာသင် ကျောင်းဆောင်သစ်များ ထပ်မံတည်ဆောက်ပေးရန်စီစဉ်

Chatriumဟိုတယ်မှ စာသင် ကျောင်းဆောင်သစ်များ ထပ်မံတည်ဆောက်ပေးရန်စီစဉ်

ရန်ကုန်၊ မေ ၇ ။              ။ Chatriumဟိုတယ်မှ ရွှေပြည်သာမြို့နယ် နဝရတ်လမ်းရှိ နဝရတ် ဘုန်ကြီးတော်ကြီးသင် ပရဟိကျောင်း ပညာရေးအတွက် စာသင်ကျောင်းဆောင်သစ်များ ထပ်မံတည်ဆောက်ပေးရန် စီစဉ်ဆောင်ရွက် နေကြောင်းChatrium ဟိုတယ်မှ Marketing Communication လက်ထောက် ဒါရိုက်တာဖြစ်သူ ဒေါ်သင်ဇာမြတ်မွန်က ပြောကြားသည်။

နဝရတ်ဘုန်ကြီးတော်ကြီး၌ မေ ၇ရက်တွင် ကျင်းပ ပြုလုပ်သော စာသင်ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်လှူဒါန်းခြင်း အခမ်းအနားတွင် Chatrium ဟိုတယ်မှ Marketing Communication လက်ထောက် ဒါရိုက်တာဖြစ်သူ ဒေါ်သင်ဇာမြတ်မွန်က ပြောကြားသည်။

နဝရတ် ဘုန်တော်ကြီးသင် ပရဟိတ ပညာရေးကျောင်းသည် ၂၀၁၃-၂၀၁၅ ခုနစ်များ၌ ကလေးများ ကျောင်းပညာ သင်ကြားရာတွင် ကျောင်းဆောင်များ လိုအပ်ကြောင်းနှင့် လမ်းခရီးကြမ်းတမ်းခြင်း အခက်အခဲများ ရှိကြောင်း သိရသဖြင့် Chatriumဟိုတယ်မှ လမ်းခင်းပေးခြင်းနှင့် ကျောင်းဆောင်များ ဆောက်လုပ်ပေးခြင်းကိုပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းဆောက်လုပ်မှုကို  Chatrium Charity Golf Tournament 2014၊ Music for Myanmar 2015 တို့နှင့် ပူးပေါင်းပြီး ရန်ပုံငွေပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် ရရှိခဲ့သော အလှူငွေကျပ်သိန်းပေါင်း ၂၅၆ သိန်း ဖြင့်တန်ဖိုးရှိ တစ်ထပ်စာသင်ဆောင်သစ်ကို လှူဒါန်းခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

နဝရတ်ဘုန်းတော်ကြီးသင် ပရဟိတ ပညာရေးကျောင်းသည် အနယ်နယ် အရပ်ရပ်မှ မိဘမဲ့ကလေးများ၊ ပညာသင်ကြားလို၍ ငွေကြေးမတက်နိုင်သော ကလေးများအတွက် ရည်ရွယ်၍ တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ထိုပရဟိတကျောင်းတွင် ဆရာမ ၁၀ယောက်ကျော်နှင့် ကျောင်းသူကျောင်းသား အယောက် ၃၀၀ ကျော်ရှိကြောင်း၊ လူမျိုးမရွေး ဘာသာမရွေး လာရောက် သင်ကြားနိုင်ကြောင်းနှင့် ကျောင်း၏ ပညာရေးအဆင့်အတန်းများကို ပညာရေးဝန်ကြီးများနှင့် ဆွေးနွေးပြီး တိုးချဲ့သင်ကြားသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာတော် ဦးကေလာသ ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required