အမေရိကန်သံရုံးရှေ့ဆန္ဒပြမှု ဦးဆောင်သူများကို ပုဒ်မ ၁၉ဖြင့်အရေးယူမည်

အမေရိကန်သံရုံးရှေ့ဆန္ဒပြမှု ဦးဆောင်သူများကို ပုဒ်မ ၁၉ဖြင့်အရေးယူမည်
 ဓာတ်ပုံ-သူရ

ရန်ကုန်၊ ဧပြီ ၂၈ ။              ။ စက်လှေမှောက်သူများကို ရိုဟင်ဂျာဟုသုံးနှုန်းခဲ့သည့်အပေါ် မကျေနပ်၍ အမေရိကန် သံရုံးရှေ့ ဆန္ဒပြမှုတွင် ဦးဆောင်သူများကို ပုဒ်မ ၁၉ဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

စစ်တွေမြို့ သဲချောင်းအနီးတွင် စက်လှေတိမ်းမှောက်မှုအား ဝမ်းနည်းကြောင်း အမေရိကန်နိုင်ငံသုံရုံး၏ ထုတ် ပြန်ချက်တွင် ရိုဟင်ဂျာဟု ထည့်သွင်းဖော်ပြသဖြင့် ယနေ့ ဧပြီ ၂၈ ရက်တွင်နေ့လည် ၁ နာရီခန့်က ဆန္ဒ ထုတ် ဖော်ခဲ့ကြခြင်း ဖြစ်သည်။

" ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉အရ သတ်မှတ်ထားတဲ့ ခွင့်ပြုထားတဲ့နေရာမှာမလုပ်တဲ့အတွက် ၁၉နဲ့ ညှိစွန်း ပါ တယ်။ အဲဒီအတွက်အရေးယူရမှာ ဖြစ်ပါတယ်"ဟု ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် ဧပြီ ၂၈ရက်နေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံအရှေ့မှစတင်ကာ အမေရိကန်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာသို့ တရားဝင်ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ကမာရွတ်မြို့နယ် ရဲစခန်းမှ ခွင့်ပြုမိန့်ပေးခြင်းမရှိပဲ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌သာ ခွင့်ပြုမိန့်ချပေးခဲ့ခြင်း ဖြစ် သည်။

ခွင့်ပြုမိန့်တောင်းခံရာတွင် မြန်မာအမျိုးသားကွန်ရက် ကိုဝင်းကိုကိုလတ်ပါ လူ(၃၀၀)ဦးဟု တောင်းခံထားခြင်း ဖြစ်ပြီး၊ ဆန္ဒပြပွဲကို မကွေးကျောင်းဆရာတော် ဦးပါမေက္ခ၊ ကိုနောင်တော်လေးအပါအဝင် မျိုးချစ် ရဟန်း တော်များ သမဂ္ဂမှ ဆရာတော်များက ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆန္ဒပြပွဲသို့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဦးရသူမှလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး ယင်း သ ဝဏ်လွှာတွင် " အမေရိကန် အစိုးရ - (၄၂၀)အစိုးရ၊ အမေရိကန် သံရုံး - (၄၂၀) သံရုံးစသည့် ကြွေးကြော် သံ များ ပါ ပါယင်သည်ကိုတွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required