ပလက်ဝ ပညာရေးမှူးရုံးစီစဉ်မှုလွဲချော်သည့်အတွက် ကျောင်းဆရာဆရာမ နှစ်ရာကျော် ရန်ကုန်တွင်အခက်ကြံု

ပလက်ဝ ပညာရေးမှူးရုံးစီစဉ်မှုလွဲချော်သည့်အတွက် ကျောင်းဆရာဆရာမ နှစ်ရာကျော် ရန်ကုန်တွင်အခက်ကြံု
ကျောင်းဆရာ/မများရှိသည့် ပအို့ဝ်ဓမ္မရုံသို့ ချင်းပြည်နယ်မှ တာဝန်ရှိသူများလာရောက်တွေ့ဆုံစဉ်။ ဓာတ်ပုံ-ဝါဆို

ရန်ကုန် ၊ ဧပြီ ၂၂ ။               ။ မူလတန်းပြဆရာ၊ဆရာမ ၂၁၈ ယောက်ကို သင်္ကန်ကျွန်း မြို့နယ် ပညာရေး ကော်လိပ်တွင်မူလတန်း စာပေးစာယူ(မစယ) သင်တန်းတက်ရောက်ရန် ပလက်၀ ပညာရေးမှူး မှ စာရင်း ပေးထားတာမရှိသည့်အတွက် ရန်ကုန်မြို့တွင်သောင်တင်ကာ အခက်ခဲဖြစ်နေသည်ဟု ဆရာ ဦးအောင်စိုးထိုက် မဇ္ဈိမ ကိုပြောသည်။

သင်တန်းကာလကို ဧပြီ ၂၃ရက်မှ မေလ ၂၇ရက် နေ့စားလပေးဆရာ/မ ပထမအသုတ်တက်ရောက်ရန်လာခြင်းဖြစ်ပြီး သင်တန်းကြေးအဖြစ် တစ်ဦး ၃၀၀၀ကျပ်လည်း မြို့နယ်ပညာရေးရုံးတွင်အားလုံးပေးသွင်းထား ဖြစ်ကြောင်း ၊ ပလက်၀ ပညာရေးမှူးရုံးဘက် မှ ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပလက်ဝမြို့နယ်ရှိ မအူကျေးရွာ အလယ်တန်းကျောင်းခွဲ မှ အလယ်တန်းပြဆရာ ဦးအောင်ဝဲကမဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ အချိန်လည်းကုန်တယ်၊ ပိုက်ဆံလည်းကုန်တယ် ပလက်ဝြမို့နယ် ပညာရေး စာရင်းက အလုပ်မလုပ်ဘူးဒီရောက်တော့ နာမည်တွေက မပါလာဘူး ၊ အခုအပတ်စဉ်တက်ရမှာကို ဒုတိယ အပတ်စဉ်ထဲရောက်သွားတာပေါ့ ၊နာမည် စာရင်းတွေပါမလားဘူး” ပလက်၀ လယ်ခွဲ ဘောင်ကုန်းကျေးရွာ အထက်တန်းပြ ဆရာ ဦးအောင်စိုးထိုက် က မဇ္ဈိမ ပြောသည်။ 

ပလက်ဝမှ ဆရာဆရာမများက ၁၉၇က်နေ့က ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ရာ သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားခြင်းမရှိသာကြောင့် ပလက်ဝသို့ ဧပြီ ၂၂ရက်နေ့တွင် ပြန်ရမည်ဖြစ်သည်ဟု ၎င်းကပြောသည်။

သင်တန်းတက်ရောက်ရန် အတွက် သင်္ကန်ကျွန်း ပညာရေးမှူးရုံးကို ပလက်၀ ပညာရေး မှူးရုံးမှ “ သုံးချက်ပေါ့နော် သင်တန်းကြေး မသွင်းလို့ ပေါ့၊ ငွေမသွင်းတာ ၊သင်တန်းလျှောက်လွှာမတင်ရင် သင်တန်းတက်ဖို့ ဝင်ခွင့်ကို စာစဉ် မဖြေခဲ့ရဘူး အဲဒါကြောင့် ကျွန်တော်တက်ခွင့်မရဘူး ပလက်၀ မြို့နယ် ပညာရေး ရုံးမှာ ငွေသွင်း ပြီး ဖောင်ဖြည့် ထားတယ် စာစဉ် မဖြေခိုင်းလို့မဖြေတာ သူတို့က အလုပ်မလုပ်တာ အခုကျွန်တော်တို့ တွေ နစ်နာတယ်”ဟု ၎င်းကပြောသည်။

ချင်းပြည်နယ် ပလက်၀ ဆရာ ဆရာမ ၂၁၈ ယောက် မှုလတန်း စာပေးစာယူ( မစယ) သင်တန်းတက်ခွင့် ကို ပလက်၀ ပညာရေးမှူးရုံးက စီစဉ်မှု ပျက်ကွက်ခဲ့သည့် အတွက် သင်တန်းတက်ခွင့် ပြန်လည်အစားထိုးရန် ဆရာအတတ်သင်က ပြန်လည်စီစဉ်ပေးမည်ဟု ဆရာအတတ်သင်နှင့်လေ့ကျင့်ရေး ဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“နေရေးအခက်ခဲရှိတော့ အစီစဉ်တော့ရှိတယ်၊ အကုန်လုံးစီစဉ်ပေးမှာပါ ၊ညှိနှိုင်းနေတယ် ဖြစ်စဉ်ကို ပညာရေးမှူးက ဘာကြောင့် ဒီလိုဖြစ်သလဲ ဆိုတာကို ဖြစ်စဉ်ကို ဆက်လုပ်ပါမယ် ပြီးမှပြောလို့ရပါမယ်”ဟု ၎င်းကပြောသည်။

စမယ သင်တန်းကို သင်္ကန်ကျွန်း ပညာရေးကောလိပ်တွင် ဧပြီ ၂၁ ရက်နေ့စတင်ဖွင့်လှစ်ခဲ့ပြီး တွင် သင်တန်းကာလ ၄၅ ရက်ကြာမြင့်မည်ဖြစ်သည်။

 ပလက်ဝမြို့နယ်မှ ကျောင်းဆရာ/မများရှိသည့် ဗဟန်း၁လမ်းရှိ ပအို့ဝ်တိုင်းရင်းသား ဓမ္မာရုံသို့ ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်၊ စိုက်ပျိုးမွေးမြူ၊ သစ်တောနှင့်သတ္တုဝန်ကြီး မန်ဟင်းဒါးလ်၊ ပလက်ဝမြို့နယ်လူမှုရေးအသင်း နာယက ဗိုလ်ကြီး ဆလိုင်းကျော်ဇင် (ငြိမ်း)၊ ဦးအောင်ကျော်နှင့် အမှုဆောင်တာဝန်ရှိသူများ က လာရောက်တွေ့ဆုံခဲ့သည်။

ယင်းသင်တန်းကို တက်ရောက်ရန်အတွက် ဆရာဆရာမ များက ၂၀၁၅ အောက်တိုဘာလ တွင် သင်တန်းတက်ရောက်ရန်အတွက် ပုံစံကို ဖြည့်စွက်တင် ၍လျှောက်လွှာတင်ခဲ့ ပြီး သင်တန်းလျှောက်လွှာကြေး ငွေကျပ် ၃၀၀၀ကို ပေးသွင်းထားခဲ့သည်ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်တွင်း မြို့နယ် ၉ခု ရှိပြီးပလက်ဝမြို့နယ်တွင် မှုလတန်း မှ အထက်တန်းအထိ ကျောင်းပေါင်း ၃၂၀ ရှိသည်ဟု ၎င်းကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required