လောင်းလုံးမှာ “‌‌ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ခေါင်းစဉ်နဲ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်

By ကိုရွှေမြိတ်(မဇ္ဈိမ)
03 September 2023
လောင်းလုံးမှာ “‌‌ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ခေါင်းစဉ်နဲ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်

တနင်္သာရီတိုင်း၊  ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းက  ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)  ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရ သည်။

အဆိုပါ လှုပ်ရှားမှုကို ‌ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြုလုပ်ခဲ့ပြီး “‌‌ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”စာသားပါ ဘန်ကိုင်ဆွဲ ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required