တေးသံရှင် ပိုင်သက်ကျော် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာ

By ဂန္ဒမာ (မဇ္ဈိမ)
02 August 2023
တေးသံရှင် ပိုင်သက်ကျော် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာ

CDM များကို ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် တေးသံရှင် ပိုင်သက်ကျော် ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

"မနေ့က လွတ်ငြိမ်းမှာ ပိုင်သက်ကျော် ပါလာတာဟုတ်တယ်။ သူဟာ ကျွန်တော့်အမှုသည်မဟုတ်တဲ့အတွက် အမှုအကြောင်းတော့ အတိအကျမသိဘူး။ ရန်ကုန် အင်းစိန်ထောင်ကနေပဲ ပြန်လွတ်တာပါ။" ဟု ရှေ့နေကြီး ဦးခင်မောင်မြင့်က အတည်ပြုသည်။

မြန်မာသံတေးသံရှင် ပိုင်သက်ကျော်အား ၂၀၂၂ ခုနှစ် မတ်လ က ၎င်း၏ နေအိမ်ဖြစ်သော လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ယာတွင် စစ်ကောင်စီမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ လေးလ အကြာတွင် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀( ည )ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်အား အင်းစိန်ထောင်တွင်းတရားရုံးက ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့တွင် စစ်ကောင်စီမှ အကျဉ်းသား ၇,၇၄၉ ဦးအား လွတ်ငြိမ်းခွင့်ပြုရာ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/သူ ၁,၆၀၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ထောင်တွင်းဝန်ထမ်းအချို့ထံမှသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly