သပိတ်ကျင်းတွင် ကြံ့ဖွံ့ပါတီ ရပ်/ကျေး ဥက္ကဋ္ဌ၏သားမက် ပျူစောထီးဆိုသူ ပစ်သတ်ခံရ

By 007 (မဇ္စျိမ)
30 May 2023
သပိတ်ကျင်းတွင် ကြံ့ဖွံ့ပါတီ ရပ်/ကျေး ဥက္ကဋ္ဌ၏သားမက် ပျူစောထီးဆိုသူ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် မေလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေပါတီ(ကြံ့ဖွံ့)ရပ်/ကျေးဥက္ကဋ္ဌ၏သားမက် ပျူစောထီးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

“နာမည်က ဟိန်း၀င်းဇော်လို့ခေါ်တယ်၊ သူက ကြံ့ခိုင်ရေးအမာခံ ပျူစောထီးသင်တန်းဆင်းထားသူပါ။ ဒီဘက်ကိုစစ်တပ်၀င်တဲ့အခါတိုင်း သူတို့မိသားစုနဲ့တရုန်းရုန်းပါ။ ယာထဲဆင်းတဲ့အချိန် သေနတ်နဲ့ပစ်ခံရ ပြီးသေတာ။ လေးငါးခြောက်ချက်လောက် ကိုပစ်သွားတာ” ဟု ဒေသခံတဦးကပြောသည်။

အသတ်ခံရသူမှာ သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာအုပ်စု ကိုးပင်ကျေးရွာနေ ကိုဟိန်း၀င်းဇော် (၂၂ နှစ်)ဆိုသူဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဋ္ဌ ဦးစိုးတင့်၏သားမက်ဖြစ်ကြောင်း၊ ယမန်နှစ်က ပျူစော ထီးသင်တန်းဆင်းလာပြီးနောက် စစ်ကောင်စီစစ်ကြောင်းများနှင့်အဆက်အသွယ်လုပ်ခဲ့ရာမှ ဒေသတွင်း ပြည်သူများနှင့် ဆန့်ကျင်ဘက်သို့ရောက်သွားခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ယာခင်းသို့ နွားစာပြောင်းကြဲရန်သွားရောက်စဉ် လူခြောက်ဦးခန့် က အနောက်မှလိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် နောက်ကျောကျည်ဆန်ဖောက်၀င်ဒဏ်ရာ နှစ်ချက်၊ ယာဘက်လက်မောင်း၌ ကျည် ဆန်ဖောက်၀င်ဒဏ်ရာတချက်၊ ဆီးခုံကျည်ဆန်ဖောက်၀င်ဒဏ်ရာတချက်ဖြင့် အခင်းဖြစ်နေရာတွင် သေ ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

၎င်းအား မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မသိရသေးသော်လည်း စစ်အုပ်စုလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် PDF ကသတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

မန္တလေးတိုင်းအတွင်း၌ မေလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း တံတားဦးမြို့နယ်၊ ထောက်ရစ်

ကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဋ္ဌ၊ ကော်မတီ၀င်နှစ်ဦးနှင့်၀န်းရံသူနှစ်ဦး စုစုပေါင်းငါးဦး သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီ၀င် ၂,၄၀၀ နီးပါး သတ်ဖြတ်ခံထားရ ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း

#သပိတ်ကျင်းမြို့နယ်

#ကြံ့ခိုင်ရေးအမာခံ

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required