"စစ်တွေမြို့က မုန်တိုင်းရှောင်စခန်းတွေမှာ လူ ၁၅,၀၀၀ လောက်ရှိနေပြီ"

By KMN (မဇ္ဈိမ)
13 May 2023
"စစ်တွေမြို့က မုန်တိုင်းရှောင်စခန်းတွေမှာ လူ ၁၅,၀၀၀ လောက်ရှိနေပြီ"

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် မေလ ၁၄ ရက် နေ့လယ်ပိုင်းတွင် ဖြတ်ကျော် နိုင်သည့်အတွက် အနီရောင်အဆင့်သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက  ယနေ့ မေလ ၁၃ရက်  မနက်ပိုင်းတွင် ထုတ်ပြန်သည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြတ်သန်းသွားမည့် ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်လည်း မုန်တိုင်းဒဏ်ရှောင်ရန် မြို့ခံများက နီးစပ်ရာမြို့များသို့ ထွက်ခွာနေကြပြီး အချို့မှာ မြို့တွင်းကုန်းမြင့် မုန်တိုင်းရှောင်စခန်းများ၌ ပြောင်းရွှေ့ခိုလုံနေကြပြီဖြစ်သည်။

စစ်တွေမြို့တွင် ယနေ့ မေလ ၁၃ ရက်နေ့အထိ လူဦးရေ ၂,၀၀၀ အထက်ဆံ့သည့် မုန်တိုင်းကယ်ဆယ်ရေးစခန်း သုံးခု ခန့် ၊ လူဦးရေ ၅၀ ဝန်းကျင်ဆံ့ ကယ်ဆယ်ရေးစခန်း၂၁၀ ခန့်နှင့် မုန်တိုင်းကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေသူပေါင်း ၁၅,၀၀၀ ခန့်ရှိနေသည်။

စစ်တွေမြို့ရှိ ဒေသခံများ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ မည်သို့ ပြင်ဆင်နေ‌ကြ‌ကြောင်း လူမူကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် စစ်တွေမြို့ခံ စာရေးဆရာ ဝေဟင်အောင်ကို မဇ္ဈိမရုပ်သံသတင်းထောက် KMN က ဆက်သွယ်မေးမြန်းထားသည်။

တင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required