အသေးစား စီမံကိန်းထောက်ပံ့ရေး အစီအစဉ်အရ ဂျပန်အစိုး ကန်ဒေါ်လာ ရသိန်းကျော်ထောက်ပ့ံ

အသေးစား စီမံကိန်းထောက်ပံ့ရေး အစီအစဉ်အရ ဂျပန်အစိုး ကန်ဒေါ်လာ ရသိန်းကျော်ထောက်ပ့ံ

ရန်ကုန်၊ မတ် ၁၈ ။          ။ ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ အမေရိကန်ဒေါ်လာ ၇၃၉,၂၆၂ ကို တိုင်းနှင့် ပြည်နယ် ငါးခုတွင် စာသင်ကျောင်းလေးကျောင်းနှင့် လမ်းတစ်လမ်းဆောက်လုပ်ရန်အတွက် ထောက်ပံ့ခဲ့ကြောင်း ဂျပန်သံရုံးမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင် အခြေခံပညာ မူလတန်း ကြိုကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် မြေသားလမ်းတစ်လမ်းတို့အ တွက် မြန်မာနိုင်ငံ ဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး ကော်မတီဥက္ကဌများက အကူညီပေးရေး သဘောတူ စာချုပ်များကို ၂၀၁၆ခုနှစ်၊ မတ် ၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုမူလတန်းကြိုကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ (၉၄,၇၁၃)၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်ဟဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၂၃၁,၀၇၇)၊  ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ နှရိန် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း   ဆောက်လုပ်ရေးစီမံကိန်း  အတွက် အမေရိကန် ဒေါ်လာ (၂၀၄, ၂၃၅)၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ သရက်ပင်ကွင်း-ကြို့ကုန်းလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၁၁၁,၁၇၈) နှင့် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဖိုးဦးစိန် အခြေခံပညာ အ ထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၈,၀၅၉) တို့ ထောက်ပံ့ပေး ခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းများကြောင့် ဒေသခံ ၁၃,၈၁၈ဦး နှင့် ကျောင်းသား/သူ ၁,၈၈၅ဦးတို့သည်  ပိုမိုကောင်းမွန်သော ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ပတ်ဝန်းကျင်ကို ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်က စတင်ခဲ့ပြီး စီမံကိန်းပေါင်း(၇၇၀)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ် ပညာရေးထောက်ပံ့ရေး စီမံကိန်းပေါင်း(၃၆၅)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေး စီမံကိန်းပေါင်း(၁၉၅)ခုနှင့် လူမှုဖူလုံရေးနှင့် ပတ်ဝန်းကျင် စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦး စီမံကိန်းပေါင်း(၃၇)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်း ပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ကြောင်း ဂျပန်သံရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required