တရုတ်အိမ်ဈေးနှုန်းများ ၇နှစ်ကျော်အတွင်း အနိမ့်ဆုံးသို့ ကျဆင်း

တရုတ်အိမ်ဈေးနှုန်းများ ၇နှစ်ကျော်အတွင်း အနိမ့်ဆုံးသို့ ကျဆင်း

ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့် စက်မှုကဏ္ဍတစ်ခုလုံးဆိုင်ရာ ပြဿနာများကြောင့် တရုတ်အိမ်သစ်ဈေးနှုန်း များသည် အောက်တိုဘာလတွင် ၇နှစ်ကျော်အတွင်း ဈေးကျဆင်းမှု အများဆုံးဖြစ်ခဲ့ပြီး အလွန်ကျဆင်းသွား ခြင်းကြောင့် မကြာသေးမီရက်များက အာဏာပိုင်များက ထောက်ပံ့ရေးအစီအစဉ်များ တိုးမြှင့် လုပ်ဆောင်ခဲ့ သည်။

နေအိမ်ဈေးနှုန်းများသည် စက်တင်ဘာလတွင် ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီးနောက် နှစ်အလိုက်နှိုင်းယှဉ်ပါက ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) အချက်အလက်ကို အခြေခံ၍ ရိုက်တာသတင်းဌာနက တွက်ချက် ဖော်ပြထားသည်။

ယင်းသည် ၂၀၁၅ခုနှစ် သြဂုတ်လနောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှုဖြစ်ပြီး ၆ လမြောက် ကျဆင်း သွားခြင်းဖြစ်သည်။

ချေးငွေပြန်ဆပ်မှု သက်တမ်းတိုးခြင်းအပါအဝင် အိမ်ခြံမြေကဏ္ဍတွင် ငွေဖြစ်လွယ်မှုကို မြှင့်တင်ရန် ကယ်ဆယ် ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အချက် ၁၆ ချက်ပါ အစီအစဉ်ကို အာဏာပိုင်းများက ဖော်ပြခဲ့သည်။

ယင်းအစီအစဉ်ချမှတ်ပြီးနောက် နိုဝင်ဘာ ၁၄ရက်တွင် အိမ်ခြံမြေရှယ်ယာများဈေးနှုန်းမြင့်တက်သွားခဲ့သည်။

ငွေဖြစ်လွယ်မှု အကျပ်အတည်းကို လျှော့ချရန် ကြိုပမ်းသည့်အနေဖြင့် တရုတ်ဘဏ်လုပ်ငန်းနှင့် အာမခံအဖွဲ့က အိမ်ခြံမြေကုမ္ပဏီများအား ကြိုတင်ရောင်းချကာ ငွေဖော်ခွင့်ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၄ရက် တွင် ပြောကြားခဲ့သည်။

သို့သော် ယခုသီတင်းပတ်အစောပိုင်းက ကျဆင်းနေသည့် အိမ်ခြံမြေအချက်အလက်များက ဖော်ပြခဲ့သည့် အားနည်းသွားသော ဝယ်လိုအားကို ပစ်မှတ်မထားခြင်းနှင့် ပြန်လည်နာလန်ထမှု အခက်အခဲ ဖြစ်နိုင်သည်ဟု ယူဆသောကြောင့် ထောက်ပံ့ရေးအစီအမံများသည် ထိရောက်မှုမရှိနိုင်ကြောင်း လေ့လာဆန်းစစ်သူများက စိုးရိမ်နေကြသည်။

“အိမ်ခြံမြေကဏ္ဍ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာက အိမ်ခြံမြေကဏ္ဍအတွက်တင်မဟုတ်တော့ဘဲ စီးပွားရေး ဝင်ငွေ မျှော်မှန်းချက်ပိုများလာတာကို သတိပြုသင့်ပါတယ်” ဟု အိမ်ခြံမြေအေဂျင်စီ Centaline မှ ဆန်းစစ် လေ့လာသူ အကြီးအကဲကျန်းဒါဝေက ပြောကြားခဲ့သည်။

စက်တင်ဘာလတွင် ဝ ဒသမ ၂ ရာခိုင်နှုန်းတွင် အိမ်အသစ်ဈေးနှုန်းများတည်ငြိမ်ခဲ့ရာမှ လအလိုက်ဈေးနှုန်းများ သည် ဝ ဒသမ ၃ ရာခိုင်နှုန်းတွင် ကျဆင်းသွားသည်။ NBS မှ စစ်တမ်းကောက်ယူခဲ့သော စစ်တမ်းများအရ မြို့ပေါင်း ၇၀တွင် စက်တင်ဘာလက ၅၄ မြို့သာရှိခဲ့ရာမှ လအလိုက်နှိုင်းယှဉ်ပါက အောက်တိုဘာလတွင် ၅၈မြို့သည် ဈေးနှုန်းများကျဆင်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required