ကိုဗစ်ဖြစ်ပွားပြီးနောက် အမေရိကန်ကုမ္ပဏီများက တရုတ်မှ ထွက်ခွာရန် စဉ်းစားလာ

ကိုဗစ်ဖြစ်ပွားပြီးနောက် အမေရိကန်ကုမ္ပဏီများက တရုတ်မှ ထွက်ခွာရန် စဉ်းစားလာ

တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္မဏီကြီးများသည် မနှစ်ကနှင့်နှိုင်းယှဉ်လျှင် ၎င်းတို့ ရင်းနှီးမြှုပ်နှံမှုများကို ၂ ဆနီးပါး လျှော့ချလိုက်ကြောင်း ရှန်ဟိုင်းမြို့ရှိ အမေရိကန်ကုန်သည်ကြီးများအသင်း၏ အောက်တိုဘာ ၂၈ ရက်ထုတ်ပြန်သော နောက်ဆုံးစစ်တမ်းတွင် ဖော်ပြထားသည်။

စစ်တမ်းဖြေဆိုသူ ၁၉ ရာခိုင်နှုန်းက တရုတ်တွင် ၂၀၂၂ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုများ လျှော့ထားကြောင်းဖြေကြားခဲ့ပြီး ၂၀၂၁ ခုနှစ်က ထိုသို့ဖြေကြားသူ ၁၀ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုသည်။

ထိုသို့လုပ်ဆောင်ရခြင်း၏ အဓိကအကြောင်းရင်းများမှာ ကိုဗစ်ကပ်ရောဂါနှင့်ဆက်နွှယ်သော ပိတ်ဆို့မှုများ၊ ခရီးသွားလာမှု ကန့်သတ်ချက်များနှင့် ထုတ်လုပ်ရောင်းချရေးဆိုင်ရာ အနှောင့်အယှက်များကြောင့် ဖြစ်သည်ဟု စစ်တမ်းဖြေဆိုသူများက ပြောသည်။

ရှန်ဟိုင်းသည် ယခုနှစ်အစောပိုင်းက တရုတ်ရှိ အဆိုးရွားဆုံး ပိတ်ဆို့မှုများအနက်တစ်ခုကို တွေ့ကြုံခံစားခဲ့ရပြီး ဒုတိယ ၃ လပတ်တွင် နိုင်ငံ့စီးပွားရေးကို ကျဆင်းစေခဲ့ကာ တိုးတက်မှုမရှိသလောက်ဖြစ်သည်။

စီးပွားရေးတိုးတက်မှုသည် တတိယ ၃ လပတ်တွင် ၃ ဒသမ ၉ ရာခိုင်နှုန်းသို့ရောက်ရှိလာပြီး နှစ်အလိုက် ဂျီဒီပီတိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းသို့ ရောက်ရှိစေခဲ့သော်လည်း တရားဝင်ရည်မှန်းချက် ၅ ဒသမ ၃ ရာခိုင်နှုန်းအောက်သာ ရှိသည်။

စစ်တမ်းဖြေဆိုသူ ၃ ပုံ ၁ ပုံက ပြီးခဲ့သည့်နှစ်က တရုတ်ရှိရင်းနှီးမြှုပ်နှံမှုများကို တခြားနေရာများသို့ရွှေ့ပြောင်း ရန် စီစဉ်ခဲ့ကြသည်ဟု စစ်တမ်းက ဆိုသည်။

အမေရိကန်က တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍအပေါ် ပို့ကုန်ထိန်းချုပ်မှုမတိုင်ခင် ဇူလိုင် ၁၄ နှင့် ဩဂုတ် ၁၈ အကြားတွင် ပြုလုပ်ခဲ့သောစစ်တမ်းဖြစ်ပြီး ကုမ္ပဏီပေါင်း ၃၀၇ ခုက ပါဝင်ဖြေဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly