ငလျင်ကြောင့် ပြိုကျသည့် တိုက်ခန်းတွဲ အဆောက်အအုံဆောက်သူ ဖမ်းဆီးခံရ

ငလျင်ကြောင့် ပြိုကျသည့် တိုက်ခန်းတွဲ အဆောက်အအုံဆောက်သူ ဖမ်းဆီးခံရ

တယ်နန်၊ ဖေဖော်ဝါရီ ၁၀ ။            ။ အပျက်အစီးပုံများကြားတွင် လူ ၁၀၀ ခန့် ပိတ်မိနေဆဲဖြစ်ပြီး အသက်ရှင်လျက်ရှိနေနိုင်သေးသူများ ရှိနေသည့်လက္ခဏာများကို ကြားနေရသည်ဟု ကယ်ဆယ်သူများက ပြောကြားလျက်ရှိစဉ် အားကောင်းသည့် ငလျင်တစ်ခုအတွင် ပြိုကျခဲ့သည့် တိုက်ခန်းတွဲအဆောက်အအုံဆောက်သူကို ဖေဖော်ဝါရီ ၉ က ဖမ်းဆီးလိုက်သည်။

အဆောက်အဦ ကွန်ကရစ်ဘောင်များအတွင်း ရေမြုပ်များ သံဘူးများဖြည့်ထားပုံကို ရိုက်ထားသည့် ဓါတ်ပုံများပေါ်လာပြီးနောက် တယ်နန်ရှိ အစိုးရရှေ့နေများက ဖေဖော်ဝါရီ ၆က ငလျင်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်။

တည်ဆောက်သူ လင်မင်ဟွေးနှင့် ၎င်း၏အလုပ်သမားနှစ်ဦးကို အစောပိုင်းက အစိုးရရှေ့နေရုံးတွင် စစ်ဆေးမေးမြန်းပြီးနောက် ဖေဖော်ဝါရီ ၉ ရက်နေ့ နောက်ပိုင်းက ဖမ်းဆီးလိုက်သည်။

"လူသေဆုံးမှုတွေဖြစ်စေတဲ့ လုပ်ငန်းတာဝန်ပေါ့လျော့မှုတွေနဲ့ သူတို့အားလုံးကို ထိန်းသိမ်းဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ"ဟု တယ်နန်တရားရုံးမှ ပြောခွင့်ရ အမျိုးသမီး ကောက်ကျန်ရှောင်းက အေအက်ဖ်ပီသို့ ပြောသည်။

၁၆ထပ်ရှိ ဝေးကုန်အဆောက်အဦပြိုကျပြီးနောက် လူ ၄၀နီးပါးသေဆုံးပြီးဖြစ်သည်ဟု အတည်ပြုထားသော်လည်း လူအမြောက်အမြားမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ရှင်သန်သူများကို ရှာဖွေရန်အတွက် အသင့်တော်ဆုံးကာလအဖြစ် ၇၂ နာရီသတ်မှတ်ချက်မှာ ကုန်ဆုံးသွားချိန်တွင် ဖေဖော်ဝါရီ ၉က ကြားနာမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၆က အရုဏ်မတက်ခင်လှုပ်ခဲ့သည့် ၆ဒသမ၄ပြင်းအားရှိငလျင်ကြောင့် ပြိုကျခဲ့သည့် ယင်းအဆောက်အဦမှာ တယ်နန်မြို့၏ တစ်ခုတည်းသော အထပ်မြင့်အဆောက်အအုံဖြစ်သည်။

ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ဖေဖော်ဝါရီ ၈က အပျက်အစီးများအောက်မှ ဆွဲထုတ်နိုင်ခဲ့သော သုံးဦးအပါအဝင် လူ၂၁၀ကျော်ကို ကယ်တင်ခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required