Apple နဲ့ မေဂျာလိဂ်တို့ ၁၀ နှစ် မီဒီယာမူပိုင်ခွင့် စာချုပ် သဘောတူညီ

Apple နဲ့ မေဂျာလိဂ်တို့ ၁၀ နှစ် မီဒီယာမူပိုင်ခွင့် စာချုပ် သဘောတူညီ
Photo: MLS/Twitter

မေဂျာလိဂ် (Major League Soccer) နဲ့ Apple TV တို့ဟာ ၂၀၂၃ ရာသီမှစတင်ပြီး မေဂျာလိဂ်ပွဲစဉ်တိုင်းကို ထုတ်လွှင့်ပြသမယ့် ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ ၁၀ နှစ် မီဒီယာမူပိုင်ခွင့် သဘောတူညီချက်ကို အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

"Apple ဟာ မေဂျာလိဂ်ရဲ့ တိုးတက်မှုကို ပိုမိုအရှိန်မြှင့်ဖို့နဲ့ ကျွန်တော်တို့ရဲ့ ကလပ်တွေနဲ့ သူတို့ရဲ့ ပရိသတ်တွေအကြား ချိတ်ဆက်တာကို ပိုမိုနက်ရှိုင်းစေဖို့အတွက် အကောင်းဆုံး မိတ်ဖက်ဖြစ်ပါတယ်"လို့ မေဂျာလိဂ် ကော်မရှင်နာ ဒွန်ဂါဘာက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

သဘောတူညီချက်အသစ်ဟာ Apple TV+ အက်ပ်ကနေတဆင့် မေဂျာလိဂ်ပွဲစဉ်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ မေဂျာလိဂ်ကလပ်တွေအတွက် ရာသီပွဲစဉ် လက်မှတ်ကိုင်ဆောင်သူတွေဟာ အက်ပ်ကို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါတယ်။

"အားကစားသမိုင်းမှာ ပထမဆုံးအနေနဲ့ ပရိသတ်တွေက အဓိကပရော်ဖက်ရှင်နယ်အားကစားလိဂ်တစ်ခုကနေ အရာအားလုံးကို တစ်နေရာတည်းမှာ ရယူနိုင်မှာပါ" ဟု Appleရဲ့ ဝန်ဆောင်မှုဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ အယ်ဒီ ကျူ့က ပြောပါတယ်။

"ဒါဟာ MLS ပရိသတ်တွေ၊ ဘောလုံးပရိသတ်တွေနဲ့ အားကစားကို နှစ်သက်သူတိုင်းအတွက် အိပ်မက်တစ်ခုအမှန်ဖြစ်လာတာပါ။ အကွဲကွဲအပြားပြားမရှိ၊ စိတ်ပျက်စရာမရှိပဲ မေဂျာလိဂ်ပွဲစဉ်အားလုံးကို နေရာမရွေး အချိန်မရွေး ကြည့်ရှုလိုတဲ့ အရာအားလုံးကို ပေးစွမ်းမယ့် အဆင်ပြေတဲ့ဝန်ဆောင်မှုတစ်ခုအတွက် sing up လုပ်ဆောင်ဖို့ လိုက်လျောညီထွေရှိမှုပါပဲ။"

စာချုပ်အတွက် တန်ဖိုးကိန်းဂဏန်းကို ထုတ်ဖော်ပြောတာမရှိပေမယ့် Sports Business Journal က စာချုပ်ဟာ တစ်ရာသီကို ဒေါ်လာ သန်း ၂၅၀ တန်လို့ ဆိုပါတယ်။

အဆိုပါ သဘောတူညီချက်ဟာ အမေရိကန်ပြည်ထောင်စုမှာ မေဂျာလိဂ်ရဲ့ တည်ငြိမ်လာတာကို ထင်ဟပ်စေပါတယ်။ ၁၉၉၆ က စတင်တည်ထောင်ခဲ့ပြီး ဒီလိဂ်ဟာ ၂၈ သင်းနဲ့ ၂၀၂၃ မှာ ၂၉ သင်းပါဝင်မှာဖြစ်ပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

"မေဂျာလိဂ်ဟာ ကမ္ဘာပေါ်မှာ တိုးတက်မှုအမြန်ဆုံးဘောလုံးလိဂ်တစ်ခုအဖြစ် ကြီးမားတဲ့ လမ်းကြောင်းပေါ်မှာရှိနေပြီဖြစ်တယ်"လို့ အယ်ဒီ ကျူ့က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly