မြို့ပြတွင် နေထိုင်သူများ ကလေးမရနိုင်မှု ဘေးအန္တရာယ် ပိုများ

မြို့ပြတွင် နေထိုင်သူများ ကလေးမရနိုင်မှု ဘေးအန္တရာယ် ပိုများ

မြို့ကြီးပြကြီးများတွင် နေထိုင်ရသည့် အမျိုးသမီးများသည် ကလေးမီးဖွားမှုတွင် အခြားအမျိုးသမီးများထက် ထိခိုက်မှုပိုဖြစ်စေနိုင်ကြောင်း သိပ္ပံပညာရှင်များက ရှာဖွေထုတ်ပြန်ခဲ့သည်။

စည်းကားသော နေရာများ၌ လေထုညစ်ညမ်းမှုများနှင့် မော်တော်ယာဉ်များမှ အိတ်ဇောငွေ့များကြောင့် အမျိုးသမီးများတွင် ကလေးမွေးဖွားနိုင်မှုအပေါ် ဘေးအန္တရာယ်များကြောင်း   ဘော်စတွန်တက္ကသိုလ်မှ သုတေသနသစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုပြင် မြို့ပြတွင် အမြဲနေထိုင်သူများသည် ကျေးလက်နေများထက် ကလေးမွေးဖွားမှုတွင် ပြဿနာများ ပိုကြုံတွေ့နိုင်ခြေ များကြောင်း၊ အကြောင်းမှာ ကျေးလက်တောနယ်များက လေထုသည် ပိုသန့်စင်၍ဖြစ်ကြောင်း ယင်းသုတေသနတွင် ဖော်ပြသည်။

အဆိုပါ တွေ့ရှိမှုတွင် ယာဉ်ကြောအသွားအလာများပြားသော မိန်းလမ်းမကြီးနှင့် မီတာ ၂၀၀ အတွင်း နေထိုင်သူ အမျိုးသမီးများတွင် ကလေးမမွေးဖွားနိုင်မှု ဘေး ၁၁ ရာခိုင်နှုန်း ပိုများကြောင်း ဖော်ပြထားသည်။

ကလေးယူရာတွင် ပြဿနာများ ကြုံလျက်ရှိသည့် အိမ်ထောင်သည်များအနေဖြင့် လူရှုပ်ထွေးစည်ကားရာ မြို့ကြီးပြကြီးများတွင် နေထိုင်နေသူများဖြစ်ပါက ကျန်းမာရေးလေ့ကျင့်ခန်းများ ပိုမို လုပ်ဆောင်သင့်ပါကြောင်းလည်း ဒေါက်တာ ဆာဂျေးက ပြောသည်။

"ကလေးမွေးဖွားမှု အပေါ် သက်ရောက်မှုတွေကို ကာကွယ်ချင်ရင် လေထုညစ်ညမ်းမှုနည်းရာ ဒေသတွေဆီ ပြောင်းရွှေ့နေထိုင်ခြင်းကလည်း လုပ်ဆောင်သင့်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

သို့သော် ယင်းသို့ လေထုညစ်ညမ်းမှုကြောင့် ကလေးမရနိုင်ဖြစ်မှု ဘေးသည် အနည်းငယ်သာ ရှိကြောင်းကိုလည်း သုတေသနပညာရှင်များက ကောက်ချက်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly