၂၀၂၀ မန်းရွှေစက်တော်ဘုရားပွဲ အရပ်သားလုံခြုံရေးများထားမည်

၂၀၂၀ မန်းရွှေစက်တော်ဘုရားပွဲ အရပ်သားလုံခြုံရေးများထားမည်

ဒီဇင်ဘာ ၄။          ။ မင်းဘူးမြို့ရှိ မန်းရွှေစက်တော်ဘုရားပွဲတွင် လုံခြုံရေးအတွက် အရပ်သားအမျိုးသား ၃၀ ကို ခန့်အပ်သွားမည်ဟုဆိုလိုက်ရာ လုံခြုံရေးအစီအမံသစ်တစ်ခုကို ဂေါပကအဖွဲ့က လုပ်ဆောင်လာခြင်းဖြစ်သည်။

“ပွဲတော်ကာလ အရပ်ဘက်ကနေ လုံခြုံရေးခန့်တာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်၊ အဓိကလုံခြံုရေးခန့်ရတာက ဒီမှာရှိတဲ့ဝန်ထမ်းတွေက သူတို့မဆောင်ရွက်နိင်တဲ့ကိစ္စတွေကို ကိုယ်စားဆောင်ရွက်ဖို့အတွက် ခန့်တာပါ၊ ဥပမာယာဉ်ကြောပိတ်ဆိုတာ၊ စျေးသည်တွေစည်းကမ်းမလိုက်နာတာတွေ ဆောင်ရွက်ဖို့နဲ့ ဘုရားဖူးပြည်သူတွေအခက်အခဲနဲ့ လိုအပ်တာတွေ ကူညီပေးဖို့ ပွဲတော်ကာလအတွက် ယာယီခန့်အပ်တာပါ”ဟု ဂေါပကအဖွဲ့ အတွင်း ရေးမှူးဦးခင်မောင်စိုးက ပြောသည်။

အရက်မသောက်သူဖြစ်ကာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအနေဖြင့် အလုပ် လျှောက်ထားရန် ဂေါပက အဖွဲ့က ကြေညာထားသည်။ လုံခြုံရေးဝန်ထမ်းအနေဖြင့် ပွဲတော်ကာလအတွင်း ဘုရားမှာပင် နေထိုင်ရမှာဖြစ်သည်။

လုံခြုံရေးအစီအမံများတွင် ကောင်းကင်မှ စတီးကြိုးဆိုင်းကာ လုံခြုံရေးကင်မရာများဖြင့် ၂၄ နာရီစောင့်ကြည့်သည့်အစီအစဉ်လည်းပါဝင်သည်။

ယမန့်နှစ်ပွဲတော်ကာလအတွင်း ရေနစ်သေဆုံးသူ အမျိုးသားလေးဦးရှိခဲ့သည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို မြန်မာသက္ကရာဇ်ဖြင့် နှစ်စဉ် တပိုတွဲလဆန်း၅ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပလေ့ရှိသဖြင့် ယခုနှစ်တွင် ပွဲတော်ကာလမှာ ဇန်နဝါရီ ၂၉ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ကျရောက်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required