ကန့်ကွက်မှုတွေ ရှိတဲ့ကြားက ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ ပဋိညာဉ်ကို ကုလသမဂ္ဂ ညီလာခံက အတည်ပြုပြဌာန်း

ကန့်ကွက်မှုတွေ ရှိတဲ့ကြားက ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ ပဋိညာဉ်ကို ကုလသမဂ္ဂ ညီလာခံက အတည်ပြုပြဌာန်း

မာရာကက်ရ်ှ၊ ဒီဇင်ဘာ ၁၀ ။           ။ မော်ရိုကိုနိုင်ငံမှာ တနင်္လာနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ ညီလာခံတစ်ရပ်မှာ ရွှေ့ပြောင်းသူများဆိုင်ရာ ပဋိညာဉ်ကို နိုင်ငံ ၁၅၀ နီးပါးရဲ့ ခေါင်းဆောင်တွေနဲ့ ကိုုယ်စားလှယ်တွေ ရှေ့မှောက်မှာ အတည်ပြု ပြဌာန်းလိုက်ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်များအရေးကို ဆန့်ကျင်တဲ့ သဘောထားများကြောင့် ကန့်ကွက်နုတ်ထွက်မှုများ ရှိနေတဲ့ကြားက Global Compact for Safe, Orderly and Regular Migration သဘောတူညီမှုကို ကုလသမဂ္ဂရဲ့ နှစ်ရက်တာ ညီလာခံမှာ တရားဝင် အတည်ပြုလိုက်တာပါ။

ဒီ သဘောတူညီမှုဟာ ၁၈ လတာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဇူလိုင်လကမှ နောက်ဆုံးမူကြမ်း ရရှိခဲ့တဲ့ သဘောတူညီမှုလည်း ဖြစ်ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေကို တရားဝင်လမ်းဖွင့်ပေးတာကြောင့်ရယ်၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို ဟန့်တားဖို့ရယ် ရည်မှန်းချက် ၂၃ ချက်ကို ထည့်သွင်းထားတဲ့ ဒီပဋိညာဉ်ဟာ ရွှေ့ပြောင်းသူတွေအရေး စီမံခန့်ခွဲမယ့် ပထမဆုံး နိုင်ငံတကာပဋိညာဉ်တစ်ရပ်ပဲ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအနှံ့ ရွှေ့ပြောင်းအခြေချဝင်ရောက်သူတွေ သန်း ၂၅၀ ကျော်အထိ အရေအတွက် မြင့်မားလာတဲ့ ခုချိန်မှာ အတည်ပြု ချမှတ်လာတဲ့ သဘောတူညီမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

ဒီ ပဋိညာဉ်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက ကုလသမဂ္ဂဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးအတွက် ရှေ့တိုးခြေလှမ်း လှမ်းလာတာဖြစ်ပြီး နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိခိုက်လာတာဖြစ်ကြောင်း ထိုးနှက် ပြောဆိုထားပါတယ်။
UN ,pact despite withdrawals

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required