ဆီးရီးယားရှိ အိုင်အက်စ်များကို ပထမဆုံးလေကြောင်းတိုက်ခိုက်မှု ပြင်သစ်စတင်ဆင်နွှဲ

ဆီးရီးယားရှိ အိုင်အက်စ်များကို ပထမဆုံးလေကြောင်းတိုက်ခိုက်မှု ပြင်သစ်စတင်ဆင်နွှဲ

ဆီးရီးယားနိုင်ငံတွင်းက အိုင်အက်စ်စစ်သွေးကြွများကို ပြင်သစ်နိုင်ငံက ပထမဆုံးလေကြောင်းတိုက်ခိုက်မှုကို စတင်ဆင်နွှဲပြီဖြစ်သည်။

ထောက်လှမ်းရေးလေယာဉ်များ ရှာဖွေထားသည့် ပစ်မှတ်များကို ပြင်သစ်လေယာဉ်များက စတင်လေကြောင်း ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

ပြင်သစ်ဂျက်တိုက်လေယာဉ်များက အိုင်အက်စ်ပစ်မှတ်များကို အီရတ်နိုင်ငံတွင်း လေကြောင်းထိုးစစ် ဆင်နွှဲလျက်ရှိပြီးလည်းဖြစ်သည်။

"အိုင်အက်စ်စစ်သွေးကြွများရဲ့ အကြမ်းဖက်ခြိမ်းခြောက်တိုက်ခိုက်မှုတွေကို ချေမှုန်းတိုက်ဖျက်သွားရေးအတွက် စိတ်ပိုင်းဖြတ်ထားမှုကို ကျွန်တော်နိုင်ငံက သက်သေပြလိုက်တာပဲဖြစ်ပါတယ်။”ဟု ပြင်သစ်သမ္မရုံးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

”ကျွန်တော်တို့ အမျိုးသားလုံခြုံရေးအတွက် စိတ်အေးရတဲ့အချိန်ထိကို ကျွန်တော်တို့တွေ တိုက်ပွဲဝင်သွားမှာဖြစ်တယ်။"ဟု သမ္မရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required