မလေးရှားတွင် အစိုးရကို ထောက်ခံသူ ရှပ်နီဝတ် ထောင်ပေါင်းများစွာ ဆန္ဒပြ

မလေးရှားတွင် အစိုးရကို ထောက်ခံသူ ရှပ်နီဝတ် ထောင်ပေါင်းများစွာ ဆန္ဒပြ

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်အား ရာထူးမှ နှုတ်ထွက်ပေးရေး လူများစွာ စုရုံးဆန္ဒပြပြီးနောက် သီတင်းနှစ်ပတ်အကြာ စက်တင်ဘာ ၁၆ ရက်က မြို့တော်တွင် လမ်းများတွင် ရှပ်နီဝတ်ဆန္ဒပြသူထောင်ပေါင်းများစွာက အစိုးရကို ထောက်ခံကြောင်း စုရုံးဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 Malay Dignity Gathering (Himpunan Maruah Melayu) ဟု အမည်ပေးထားသည့် ယခုလူစုလူဝေးဆန္ဒဖော်ထုတ်မှုကို အမျိုးသားဗလီ၊ ဖက်ဒရယ်နယ်မြေဗလီ ပူထရာကမ္ဘာ့ကုန်သွယ်ရေးစင်တာနှင့် Craft Complex စသည့် နေရာလေးနေရာတွင် စုရုံးခဲ့ပြီးနောက် ပတ်ဒေါင်မာဘွတ်သို့ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ရဲများက လမ်းများကို ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ပိတ်ထားခဲ့ရသလို ဆိုင်များလည်း ပိတ်ထားခဲ့ကြသည်။ ယင်းဆန္ဒဖော်ထုတ်မှုသည် နံနက် ၇ နာရီခန့်က လူအုပ်စုအနည်းအကျဉ်းဖြင့် စတင်ခဲ့ရာမှ နောက်ပိုင်း နေ့လည်ပိုင်းအချိန်တွင် လူအုပ်တစ်ဖြည်းဖြည်း များပြားလာခဲ့ခြင်းဖြစ်ပြီး သတင်းမီဒီယာတစ်ချို့ကို ရဲက လိုက်လံဖမ်းဆီးမှုများလည်း ဖြစ်ပွားသည်။

ယခုအစိုးရကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှုသည် ပြီးခဲ့သည့် လအတွင်းက ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်ရေး လူများစွာ ဆန္ဒပြခဲ့မှုအား တန်ပြန် ဆန္ဒပြသလိုက်ခြင်းတစ်ရပ်လည်းဖြစ်သည်။

ပြီးခဲ့သည့်လက ဝန်ကြီးချုပ်နာဂျစ်ကို ငွေကြေးဆိုင်ရာ အရှုပ်အရှင်းကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများက ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြသခဲ့ကြခြင်းဖြစ်သည်။

Ref: ASIA NEWS NETWORK

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required