အိန္ဒိယတွင် Nipah ဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ၁၀ ဦးထိရှိလာ

အိန္ဒိယတွင် Nipah ဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ၁၀ ဦးထိရှိလာ

မေ ၂၂ ။         ။ အိန္ဒိယတောင်ပိုင်းမှာ အသီးစားလင်းနို့များကနေ လာသည့် Nipah နိပါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုကြောင့် လူ ဆယ်ဦးထက်မနည်း သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြင်းထန် ဗိုင်းရပ်စ်ပိုး ကူးစက်မှုသည် ကြံုတောင့်ကြံုခဲဖြစ်စဉ်မျိုး ဖြစ်သော်လည်း ယခုအခါ သေဆုံးသူဦးရေ မြင့်တက်လာနေမှုကြောင့် ဒေသခံလူထုအကြား စိုးရိမ်ပူပန်မှုများ ပိုမို မြင့်တက်လာနေလျက်ရှိသည်။

" ဒီဗိုင်းရပ်စ်ပိုး ကူးစက်မှု နမူနာ ၁၈ ခု ပေးပို့စစ်ဆေးခဲ့ပါတယ်၊ အဲဒီအနက် ၁၂ ဦးက ပိုးရှိနေတာကို တွေ့ခဲ့ရပါတယ်၊ ခုတော့ သူတို့ထဲက ဆယ်ယောက် သေဆုံးသွားပါပြီ၊ ကျန်တဲ့သူတွေကိုတော့ သေချာ ဂရုတစိုက် ကုသပေးနေပါတယ်" ဆိုပြီး Kerala ပြည်နယ် Kozhikode ဒေသမှ ကျန်းမာရေးအရာရှိတစ်ဦးက ပြောသွားသည်။

ယခုလက်ရှိအချိန်တွင် အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဖြစ်ပွားနေခြင်းကြောင့် အနည်းဆုံး လူပေါင်း ၉၀ ကျော်ကို သီးခြားခွဲထားကာ စစ်ဆေးကုသမှုများ လုပ်ဆောင်နေရကြောင်းလည်း သိရသည်။

အဆိုပါ နိပါ ဗိုင်းရပ်စ်ပိုးသည် သေဆုံးနိုင်ခြေ ရာခိုင်နှုန်း ရ၀ ထိ ရှိသည့် ပြင်းထန် ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required