တော်ဝင်မင်္ဂလာပွဲ မတိုင်မီ သတို့သားလောင်း မင်းသား ဟယ်ရီနှင့် အစ်ကိုဖြစ်သူ လူပျိုရံ မင်းသား ၀ီလျှံတို့ လူထုကို နှုတ်ဆက်

တော်ဝင်မင်္ဂလာပွဲ မတိုင်မီ သတို့သားလောင်း မင်းသား ဟယ်ရီနှင့် အစ်ကိုဖြစ်သူ လူပျိုရံ မင်းသား ၀ီလျှံတို့ လူထုကို နှုတ်ဆက်

တော်ဝင်မင်္ဂလာပွဲ ဆင်ယင်ကျင်းပတော့မည့် မင်းသား ဟယ်ရီက လက်ထပ်ပွဲ မတိုင်မီ တစ်ရက်ဖြစ်သော မေ ၁၈ ရက်တွင် ၀င်ဆာရဲတိုက်ပြင်ဖက်က လာရောက်ကောင်းချီးပေးကြသူများကို   တွေ့့ဆုံနှုတ်ဆက်သည်။

မေ ၁၉ ရက်တွင် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး မီဂန်မာကဲလ်နှင့် လက်ထပ်မည့် မင်းသား ဟယ်ရီအား သတို့သားအရံ လုပ်ပေးမည့် အစ်ကိုဖြစ်သူ မင်းသား ၀ီလျှံကလည်း ဘေးကခြံရံလျက် လိုက်ပါခဲ့သည်။

တော်ဝင်မင်းသားနှစ်ဦးက ဖက်လှဲတကင်း လက်ဆွဲနှုတ်ဆက်ခြင်းကြောင့် လာရောက်ကောင်းချီးပေးကြသူများအနေဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရသည်။

မင်းသား ၀ီလျှံက မင်းသမီး ကိတ်နှင့် ၂၀၁၁ ခုနှစ်အတွင်း လက်ထပ်မင်္ဂလာဆင်ယင် ကျင်းပစဉ်ကာလတုန်းကလည်း ထို့အတူပင် မင်္ဂလာပွဲမတိုင်မီ လူထုကို နှုတ်ဆက်တွေ့ဆုံခြင်းအား မင်းသား ဟယ်ရီ နောက်ပါခြံရံလျက် ကျင်းပခဲ့ဖူးသည်။

ဟယ်ရီကလည်း မင်းသား ၀ီလျှံ၏ သတို့သားအရံ ဖြစ်ခဲ့ဖူးရာ ယခု ဟယ်ရီ၏ စိန့်ဂျော့ချ်ဘုရားကျောင်းတွင် မေ ၁၉ ရက်၌ ကျင်းပမည်ဖြစ်သော လက်ထပ်ပွဲအတွက် အစ်ကိုဖြစ်သူ ၀ီလျှံအား သတို့သားအရံ လုပ်ပေးရန် တောင်းဆိုခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required