ပေါ့ဂ်ဘာကိုခေါ်ယူဖို့ မန်စီးတီးအသင်း ကမ်းလှမ်းခံရဖူးတယ်လို့ ပြောဆိုလိုက်တဲ့ ဂွာဒီယိုလာ

ပေါ့ဂ်ဘာကိုခေါ်ယူဖို့ မန်စီးတီးအသင်း ကမ်းလှမ်းခံရဖူးတယ်လို့ ပြောဆိုလိုက်တဲ့ ဂွာဒီယိုလာ

 

မန်စီးတီးအသင်းအနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတုန်းက မန်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေ့ါဂ်ဘာကို ခေါ်ယူဖို့ ကမ်းလှမ်းခံခဲ့ရတယ်လို့ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။

ဂွာဒီယိုလာက “မဝယ်ဘူးလို့ ပြောလိုက်ပါတယ်။ ပေါ့ဂ်ဘာကို ဝယ်ဖို့ ကျွန်တော်တို့မှာ ပိုက်ဆံမရှိပါဘူး။ သူက သိပ်စျေးကြီးတယ်” လို့ အေးဂျင့် ရွိုင်အိုလာကို တိုက်ခိုက်တဲ့အနေနဲ့ သတင်းထောက်တွေကို ဖော်ကောင်လုပ် ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ဆန်းချက်ဇ်နဲ့ အလဲအလှယ်အဖြစ် မန်ယူနိုက်တက်ကနေ အာဆင်နယ်ကိုရောက်သွားတဲ့ မစ်ခီတာယန်ကိုလည်း ခေါ်ယူဖို့ ရွိုင်အိုလာက တိုက်တွန်းခဲ့ဖူးသေးလို့လည်း ဂွာဒီယိုလာက ပြောပါတယ်။

ပေါ့ဂ်ဘာကို ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်အသင်းထံကနေ ပေါင် ၈၉ သန်းနဲ့ ဝယ်ယူထားတဲ့ မန်ယူနိုက်တက်အသင်းကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုခဲ့ခြင်းမရှိပါဘူး။

ဂွာဒီယိုလာဟာ ပေါ့ဂ်ဘာနဲ့ မစ်ခီတာယန်တို့ရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ ဆက်ဆံရေးမပြေလည်ဘဲ အပြန်အလှန် စကားစစ်ထိုးနေကြသူတွေ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required