ချစ်သူများအဖြစ် လက်တွဲနေကြပြီဖြစ်သည့် ပါ့ခ်ရှင်ဟေးနှင့် ချွိုင်းတေးဂျွန်း

ချစ်သူများအဖြစ် လက်တွဲနေကြပြီဖြစ်သည့် ပါ့ခ်ရှင်ဟေးနှင့် ချွိုင်းတေးဂျွန်း

တောင်ကိုရီးယားမှ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်သော ပါ့ခ်ရှင်ဟေးနှင့် မင်းသားချွိုင်းတေးဂျွန်းတို့သည် ချစ်သူများအဖြစ် လက်တွဲနေကြပြီဆိုသောသတင်းများကို သူတို့နှစ်ဦးစလုံး၏   အေဂျင်စီများက အတည်ပြုခဲ့ကြ သည်။

ကနဦးတွင်ထွက်ရှိလာသော သတင်းများအရ သူတို့နှစ်ဦးသည် ချစ်သူများဖြစ်နေကြပြီမှာ တစ်နှစ်ခန့်ရှိပြီဟု သိရသည်။ သူတို့နှစ်ဦးစလုံးသည် ချန်အန်းတက္ကသိုလ်ထွက်   ကျောင်းသားကျောင်းသူများဖြစ်ကြသည်။

ပါ့ခ်ရှင်ဟေးနှင့် ချွိုင်းတေးဂျွန်းတို့သည် ပါ့ခ်ရှင်ဟေး၏နေအိမ်၌ သိုသိုသိပ်သိပ် ချိန်းတွေ့လေ့ရှိပြီး အပေါင်းအပါ များနှင့်လည်း အတူတကွထွက်လည်လေ့ရှိကြောင်း အချို့သတင်းများ၌ ဖော်ပြထားသည်။ ဒါ့အပြင် ချွိုင်းတေးဂျွန်း၏သူငယ်ချင်းများသည် သူတို့နှစ်ဦး၏ဇာတ်လမ်းကို ရိမ်မိနေခဲ့ကြကြောင်း အချို့သတင်းများ၌ ဖော်ပြထားသည်။

ပြီးခဲ့သောနှစ်က သူတို့နှစ်ဦးချစ်သူများဖြစ်နေပြီဆိုသော သတင်းများပေါ်ထွက်လာသော်လည်း ကိုယ်ရေးကိုယ် တာအကြောင်းပြချက်များကြောင့် သူတို့နှစ်ဦးက အဆိုပါသတင်းများကို ငြင်းဆန်ခဲ့ကြကာ ချစ်သူများအဖြစ် ဆက်လက်ပြီး တိတ်တဆိတ်လက်တွဲနေခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့တွင် သူတို့နှစ်ဦးစလုံး၏အေဂျင်စီများက ပါ့ခ်ရှင်ဟေးနှင့် ချွိုင်းတေးဂျွန်းတို့သည် မိတ်ဆွေများ အဖြစ်မှ ပြီးခဲ့သောနှစ်က ချစ်သူများအဖြစ်သို့ အဆင့်တက်ကာ လက်တွဲခဲ့ကြခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ကြ သည်။

လက်ရှိအချိန်တွင် ပါ့ခ်ရှင်ဟေးသည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

Ref: Soompi

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required