အမေရိကန်ကို နျူကလီးယားဖြင့် လုံးလုံးလျားလျား ခြိမ်းခြောက်နိုင်ဟု ကင်ဂျုံးအွန် ပြော

အမေရိကန်ကို နျူကလီးယားဖြင့် လုံးလုံးလျားလျား ခြိမ်းခြောက်နိုင်ဟု ကင်ဂျုံးအွန် ပြော

ပြံုယမ်း၊ ဒီဇင်ဘာ ၂၂ ။           ။ မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နိုင်ငံအား လုံးလုံးလျားလျား နျူကလီးယားဖြင့် ခြိမ်းခြောက်နိုင်သည့် အခြေအနေတွင် ရှိနေပြီဟု ခေါင်းဆောင်ဖြစ်သူ ကင်ဂျုံးအွန်က ပြောကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ကိုးကားဖော်ပြသည်။

နိုဝင်ဘာ အကုန်ပိုင်းတွင် ပြံုယမ်းက တိုက်ချင်းပစ်ဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်လိုက်နို်င်ပြီးနောက်ပိုင်း ကျင်းပလာသော အလုပ်သမားပါတီ အဆင့်မြင့်ပုဂ္ဂိုလ်များ အစည်းအဝေးတစ်ရပ်တွင် ကင်ဂျူံးအွန်က ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ တိုက်ချင်းပစ်ဒုုံးကျည်သည် အကြီးစားနျူကလီးယားထိပ်ဖူး တင်ဆောင်ပစ်လွှတ်နိုင်ကာ အမေရိကန်အထိ ပစ်မှတ်ထားရောက်ရှိနိုင်ကြောင်း ပြံုယမ်းအစိုးရက ထုတ်ပြန်ထားသည်။

“ရုတ်ခြည်းတိုးတက်လာတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအင်အားဟာ ခုဆိုရင် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံနဲ့ မဟာဗျူဟာအခင်းအကျင်းမှာ ကြီးမားတဲ့ သြဇာတစ်ရပ်ဖြစ်လာနေပြီ။”ဟု ကင်ဂျူံးအွန်က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ပြောသည်။

“မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ကိုပါ နျူကလီးယားနဲ့ ရှင်းရှင်း ခြိမ်းခြောက်နိုင်စွမ်း ရှိထားပြီဆိုတာ ဘယ်သူမှ မငြင်းဆန်နိုင်ဘူး။ မြောက်ကိုရီးယားအနေနဲ့ လျစ်လျူရှုလို့မရတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒါပေမယ့် ဒီခြိမ်းခြောက်မှုတွေကို စိတ်ပျက်တာ၊ ကြောက်ရွံ့တာမျိုး ရှိဖို့ မလိုဘူး။ ဒီလို အခြေအနေမျိုးအောက်ကနေ ကျွန်တော်တို့ရဲ့ ခေတ်ပြောင်းတော်လှန်ရေးကို တိုးတက်အောင် ဖော်ဆောင်လာခဲ့တာကို ပြည်သူတွေအနေနဲ့ အကောင်းရှုမြင်ကြရမယ်။”ဟု ကင်ဂျူံးအွန်က တိုက်တွန်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required