နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို ဂွာဒီယိုလာ၊ ဆာလာနှင့် ရွန်နီတို့ ဆွတ်ခူး

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို ဂွာဒီယိုလာ၊ ဆာလာနှင့် ရွန်နီတို့ ဆွတ်ခူး
(ဓာတ်ပုံ - EPL)

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို မန်းစီးတီးအသင်း နည်းပြ ဂွာဒီယိုလာ၊ လီဗာပူးလ်တောင်ပံတိုက်စစ်ကစားသမား ဆာလာနှင့် အဲဗာတန်အသင်း တိုက်စစ်မှူး ရွန်နီတို့က ဆွတ်ခူးရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များမှာ အာဆင်နယ်၊ လက်စတာ၊ ဟတ်ဒါဖီးလ်နှင့် ဆောက်သမ်တန်အသင်းတို့ကို အနိုင်ရခဲ့တာကြောင့် ဂွာဒီယိုလာက အခုလို တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုကို ၃ လဆက်တိုက် ရရှိခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့ ရာသီ ၂၀၁၆/၁၇ က ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ ကွန်တီ ရရှိခဲ့တဲ့ တစ်လတာအကောင်းဆုံးနည်းပြဆု ၃ လဆက် စံချိန်နဲ့ တူညီသွားပြီဖြစ်ပါတယ်။

နိုဝင်ဘာလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးလ်အသင်းရဲ့ အီဂျစ်လက်ရွေးစင်ကစားသမား ဆာလာက ရရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့လအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ရ ဂိုးအထိ သွင်းယူခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာဟာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာ ၁၃ ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

အကောင်းဆုံးသွင်းဂိုးဆုကို နိုဝင်ဘာလ ၂၉ ရက်က ဝက်စ်ဟမ်းနှင့် ကစားခဲ့တဲ့ ပွဲမှာ ကွင်းလယ်မှ မယုံနိုင်လောက်အောင် ကန်သွင်းခဲ့တဲ့ အဲဗာတန်တိုက်စစ်မှူး ရွန်နီက ဆွတ်ခူးခဲ့ပါတယ်။

Ref; EPL

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required