အဂူရိုကို မန်စီးတီးအသင်း၏ ဂန္ထဝင်ကစားသမားဟု ဂွါဒီယိုလာ ခေါ်ဆို

အဂူရိုကို မန်စီးတီးအသင်း၏ ဂန္ထဝင်ကစားသမားဟု ဂွါဒီယိုလာ ခေါ်ဆို

စက်တင်ဘာ ၁၇၊ အင်္ဂလန် ။         ။ မန်စီးတီးအသင်းက ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းတွင် ဝ-၆ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲ၌ အနိုင်ဂိုး ၃ ဂိုးသွင်းယူပေးခဲ့သော အဂူရိုကို မန်စီးတီး၏ဂန္ထဝင်ကစားသမားဟု နည်းပြဂွါဒီယိုလာက ချီးကျူးလိုက်သည်။

ထိုသွင်းဂိုး ၃ ဂိုးမှာ အဂူရိုအတွက် ခြောက်ကြိမ်မြောက် ပရီးမီးယားလိဂ်ဟက်ထရစ်သွင်းဂိုးဖြစ်ပြီး မန်စီးတီးကစားသမားဘ၀ ဂိုးပေါင်း ၁၇၅ ဂိုးပြည့်မြောက်သွားခြင်းလည်း ဖြစ်သည်။

မန်စီးတီးအသင်းသမိုင်းတွင် အဲရစ်ဘရုခ်က သွင်းဂိုး ၁၇၇ ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိရာ အဂူရိုမှာ ထိုစံချိန်ကိုဖြတ်ကျော်ကျန် သွင်းဂိုးသုံးဂိုးသာ လိုအပ်တော့သည်။

နည်းပြဂွါဒီယိုလာက "ဒီစံချိန်ကို မကြာခင်မှာ အဂူရိုကျော်ဖြတ်နိုင်မှာပါ။။ ကျွန်တော်တို့ အကြီးအကျယ်အောင်ပွဲခံနိုင်ပါလိမ့်မယ်။ သူက မန်စီးတီးအသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်ပါတယ်။ အဂူရိုရဲ့သွင်းဂိုးတွေက ဒါကို သက်သေခံနေပါတယ်။ သူက တကယ်အံ့သြစရာကောင်းတဲ့ ကစားသမားပါ" ဟု ပြောဆိုလိုက်သည်။

အင်္ဂလန်တောင်ပံကစားသမာဟောင်း အဲရစ်ဘရုခ်သည် ၁၉၂၈ မှ ၁၉၄၀ ခုနှစ်အတွင်း ၄၉၄ ပွဲကစားပြီး ၁၇၇ ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ အဂူရိုက ၂၅၉ ပွဲတွင် ၁၇၅ ဂိုးသွင်းယူထားခြင်း ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required