အာဆင်နယ်အသင်းရဲ့ အမှတ်တရပစ္စည်းဆိုင် ဝင်ရောက်စီးနင်းခံရပြီး ပေါင်ထောင်နှင့်ချီ ခိုးယူမှုဖြစ်ပွား

အာဆင်နယ်အသင်းရဲ့ အမှတ်တရပစ္စည်းဆိုင် ဝင်ရောက်စီးနင်းခံရပြီး ပေါင်ထောင်နှင့်ချီ ခိုးယူမှုဖြစ်ပွား

အင်္ဂါနေ့ညက အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်စ်ကွင်းမှာ ဖွင့်လစ်ထားတဲ့ ကလပ်အသင်း အမှတ်တရပစ္စည်းဆိုင်ကို သူခိုးများက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး စတာလင်ပါင်ထောင်နှင့်ချီပြီးတော့ ခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသံသယရှိသူတွေဟာ ကလပ်စတိုးဆိုင်ရှေ့မျက်နှာစာကနေ ချိုးဖောက်ဝင်ရောက်ခဲ့တာကြောင့် အကြီးအကျယ် ပျက်စီးခံရသလို ဓာတ်ပုံများပါ ဖျက်စီးခံရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် မည်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့သလို ဖမ်းဆီးနိုင်ခဲ့တာ မရှိသေးဘဲ ရဲများက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

ကလပ်စတိုး slington မှ ခိုးယူထားတဲ့ ငွေတွေနှင့်တူ သံသယရှိသူများဟာ ကားတစ်စီးနှင့် ဆိုင်ကယ်နှစ်စီးဖြင့် လွတ်မြောက်သွားခဲ့ပါတယ်။

Queensland လမ်း၊ E7 မှာ ည ၁၁း၃၀ အချိန်မှာ ဖောက်ထွင်းမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

အာဆင်နယ်အတွက် ၂၀၁၇-၁၈ ရာသီကို ကောင်းမွန်စွာ စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိခဲ့တာကို တွေ့ရပါတယ်။

အာဆင်နယ်အသင်းဟာ လီဗာပူးလ်ကို လေးဂိုးပြတ် ရှုံးနိမ့်တဲ့ပွဲအပါအဝင် ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲမှာ ၂ ပွဲအထိ ရှုံးခဲ့ပြီး အသင်းရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ ကစားသမား အပြောင်းအရွှေ့ကိစ္စများနှင့် ရှုံးပွဲများကြောင့် ယခုလို ကလပ်စတိုးဆိုင် တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required