ချယ်လ်ဆီးမှ ဘ​ရောင်​းကို ဘရိုက်​တန်​အသင်​း တစ်​ရာသီအငှားစာချုပ်​နဲ့​ ခေါ်ယူ

ချယ်လ်ဆီးမှ ဘ​ရောင်​းကို ဘရိုက်​တန်​အသင်​း တစ်​ရာသီအငှားစာချုပ်​နဲ့​ ခေါ်ယူ
(ဓာတ်ပုံ - ဘရိုက်တန်)

ပရီးမီးယားလိဂ်တန်းတက် ဘရိုက်​တန်​အသင်​းဟာ ချယ်လ်ဆီးမှ လူငယ်ကစားသမားအီဇီ​ ဘ​ရောင်​းကို တစ်​ရာသီအငှားစာချုပ်​နဲ့​ ခေါ်ယူနိုင်​ခဲ့ပြီဖြစ်​​ကြောင်​း​ အသင်းရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

ဘရောင်းဟာ ဘရိုက်​တန်ကို အငှားနဲ့ စာချုပ်တဲ့နေ့မှာပဲ ပရီးမီးယားလိဂ်ချန်ပီယံအသင်းနဲ့ ၄ နှစ် စာချုပ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် ရှေ့တန်းကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ရိုတန်ဟန်ယူနိုက်တက်နှင့် ဟက်ဒါဖီးလ်တို့မှာ အငှား သွားရောက်ကစားခဲ့ပြီး ယခုအခါ ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

၂၀၁၃-၁၄ မှာ ပရီးမီးယားလိဂ် ယူ ၂၁ နှင့် အက်ဖ်အေလူငယ်ဖလားတို့ကို ရရှိတဲ့အပြင် ဘရောင်းဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၄-၁၅ မှာ အက်ဖ်အေလူငယ်ဖလား ဆက်လက်ထိန်းသိမ်းရန် ကူညီခဲ့ပြီ အလားတူရာသီမှာပဲ ယူအီးအက်ဖ်အေ လူငယ်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘရောင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်တန်းတက် ဟက်ဒါဖီးလ်အတွက် ပြီးခဲ့တဲ့နှစ်က ၅ ဂိုးသွင်းယူခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required