ကာရင်တန်လေ့ကျင့်ရေးကွင်းကိုရောက်လာတဲ့ လင်ဒီလော့ဖ်

ကာရင်တန်လေ့ကျင့်ရေးကွင်းကိုရောက်လာတဲ့ လင်ဒီလော့ဖ်

ဇွန် ၁၄၊ အင်္ဂလန် ။            ။ ဆွီဒင်လက်ရွေးစင်နောက်ခံကစားသမား လင်ဒီလော့ဖ်ဟာ မန်ယူအသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပါတယ်။ အသက် ၂၂ အရွယ်သာရှိသေးတဲ့ လင်ဒီလော့ဖ်ဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းအတွက် ခြေစွမ်းပြကစားခဲ့လို့ မန်ယူအသင်းက ပေါင် ၃၀.၇ သန်းနဲ့ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

အရပ် ခြောက်ပေ၊ နှစ်လက်မမြင့်ပြီး နောက်ခံအတွင်းလူနေရာနဲ့ ညာနောက်ခံနေရာတွေမှာ ကစားနိုင်တဲ့ လင်ဒီလော့ဖ်ဟာ မန်ယူရဲ့အဓိကစပွန်ဆာ Chevrolet ကားအနီရောင်ကိုစီးပြီး ကာရင်တန်ကိုရောက်လာခဲ့တာပါ။

ကာရင်တန်မှာ ဆေးစစ်မှုပြုလုပ်ပြီး အသင်းဝန်ထမ်းတွေနဲ့ ပထမဦးစွာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာတော့ လင်ဒီလော့ဖ်ဟာ မန်ယူအသင်းရဲ့တရားဝင်ကစားသမားဖြစ်လာဖို့ရှိနေပါတယ်။

လင်ဒီလော့ဖ်ဟာ ဘင်ဖီကာအသင်းအတွက် ၇၃ ပွဲကစားပြီး ၂ ဂိုးသွင်းယူခဲ့ကာ ဆွီဒင်လက်ရွေးစင်အသင်းအတွက်တော့ ၁၂ ပွဲကစားပြီး ၁ ဂိုးသွင်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required