လှပတဲ့ နံနက်ခင်းလေးမှာPocari Sweat နှင့် အတူ မြူးကြွသွက်လက်စွာ Zumba က ကြစို့

လှပတဲ့ နံနက်ခင်းလေးမှာPocari Sweat နှင့် အတူ မြူးကြွသွက်လက်စွာ Zumba က ကြစို့

လူတိုင်းဟာ ပျော်ရွှင်မှုကို အစဉ်အမြဲ လိုချင်ကြပါတယ်။ အလုပ်တွေကြောင့် ပင်ပန်းနွမ်းနယ်တာတွေကို ခုခံနိုင်ဖို့ ပျော်ရွှင်မှုတွေကို ကိုယ်ဝါသနာပါရာ အကြောင်းအရာ မျိုးစုံအလိုက် ရှာဖွေတတ်ကြတာပါ။ အဲဒီပျော်ရွှင်မှုတွေကနေ ကျန်းမာခြင်းဆိုတဲ့ ရလာဒ်တွေနဲ့အတူ ရှေ့ဆက်မယ့် အနာဂတ်တွေအတွက် ကိုယ်ကာယ ကြံ့ခိုင်ဖို့ကို လူတိုင်းလိုလားနေကြတာပါ။

အခုလိုအချိန်မျိုးမှာ ရွှေမြန််မာတွေ ကခုန် ပျော်ရွှင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေကြပါပြီ။ အဲဒီလို ပျော်ရွှင်ကျန်းမာဖို့ အတွေ့အကြံု လှုပ်ရှားမှု မျိုးစုံထဲက မြူးကြွသွက်လက်တဲ့ တေးဂီတသံစဉ်တွေနဲ့ အပြိုင် မနားတမ်း လှုပ်ရှားဆော့ကစားကြမယ့် ကိုယ်လက်လှုပ်ရှား အားကစားအကတစ်မျိုးကို မိတ််ဆက်ပေးတင်ပြချင်ပါတယ်။

အခုသူတို့ ကခုန်ကြမယ့် အကအမျိုးအစားကတော့ Zumba အက ဖြစ်ပါတယ်။ ဒီ Zumba အကဟာ မြန်မာတွေအဖို့ များများစားစား ရင်းနှီးကျွမ်းဝင်တာတော့ မဟုတ်သေးပါဘူး။ “Zumba အကကို ကျွန်မအရမ်း စိတ်ဝင်စားတယ်၊ ဆော့ရတာလည်း အရမ်းကြိုက်တယ်၊ ဒါပေမယ့် စဆော့တာ သိပ်မကြာသေးတော့ သိပ်ပြီးတော့တော့ မရသေးဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် Slowly ပေါ့” လို့ မသဲစုမိုးက ပြောပါတယ်။

မခင်သူသူဝင်းကတော့ “ကျန်းမာရေးအတွက် ကောင်းတဲ့ ကစားနည်းဖြစ်တယ်ဆိုတော့ ဒါကိုကစားခြင်းအားဖြင့် ကျွန်မရဲ့ ခန္ဓာကိုယ်ပိုင်းကအစပေါ့ပေါ့ပါးပါးရှိမယ်၊ ကျွန်မရဲ့ Teaching အပိုင်းမှာလည်းပိုပြီးအားထုတ်နိုင်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။ ဒီဇိုင်နာ တစ်ဦးဖြစ်သူ မနှင်းနှင်းအေးမြတ်ကတော့ “ ညီမအလုပ်က နည်းနည်းကြောတက်တယ်၊ ညောင်းတယ်၊ အဲဒီအတွက် လှုပ်လှုပ်ရှားရှားဖြစ်အောင် ကျန်းမာရေးအတွက် အဓိကပေါ့… လာကတာ..” လို့ ပြောပါတယ်။

ပထမဆုံးအကြိမ်အနေနဲ့ လူဦးရေ ရ၀၀ ခန့်ပါ၀င်ဆင်နွှဲခဲ့ကြတဲ့ Zumba_Under the SkyWithPocari Sweatက ပွဲသဘင်အခမ်းအနား ကိုတော့ ရန်ကုန်မြို့ ကျိုက္ကဆံအားကစားမြက်ခင်းပြင်မှာဧပြီလ ၂ ရက်နေ့ နံနက်အစောပိုင်းမှာ စည်စည်ကားကားကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒီကပွဲအခမ်းအနားကိုတော့ POCARI SWEAT ION ဖြည့်အချိုရည်က အဓိကကူညီပံ့ပိုးပေးတာဖြစ်ပါတယ်။

 “Pocari Sweat ကိုဂျပန်နိုင်ငံ Otsuka ကျန်းမာရေး အထောက်အကူပြု ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီးတော့ ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးပြည်သူတွေရဲ့ ကျန်းမာရေးကို ထောက်ပံ့ပေးဖို့ အမြဲရည်ရွယ်ထားပါတယ်။ ဒါကြောင့်လည်း လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် အရေးပါတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ ယုံကြည်ထားတာကြောင့် ကျွန်တော်တို့ ဒီနေ့အခမ်းအနားကို ကမကထ ပြုပေးရတာပါ။ ဒီနေ့အခမ််းအနားကတော့ Zumbaက ပွဲသဘင်ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူတွေဟာ ပျော်ရွှင်ရမှာ ဖြစ်သလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဒီပွဲကိုကမကထပြုပေးရတဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်” လို့ Makoto Ikemoto (Country Manager-Pocari Sweat) က ပြောပါတယ်။

OtsukaPharmceutical Company ဟာလူသားများအားလုံး ကျန်းမာရေးအတွက် Pharmaceutical သာမက Neutraceutical လုပ်ငန်းတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ Pharmaceutical ဆိုတာ ကုသမှုလုပ်ငန်းစဉ်ဖြစ်ပြီး ပို၍ကောင်းမွန်သော ကျန်းမာရေးရရှိစေဖို့ ဖြစ်ပြီးတော့ Nutraceutical ဆိုတာကတော့ မဖြစ်ခင် ကြိုတင်ကာကွယ်ရန်ဖြစ်ပြီး ပိုမိုကောင်းမွန်လာသော ကျန်းမာရေး ရရှိစေရန်ဖြစ်ပါတယ်။ အခုဆိုရင် Otsuka Company ဟာ ဒီလုပ်ငန်းစဉ် ၂ခုကို အဓိကဦးတည်ပြီး ရှေ့ဆက် လုပ်ကိုင်နေပါတယ်။

 “ဒီနေ့ပွဲလေးက Pocari Sweat ကနေပြီးတော့ အဖွင့် Theme Song ကဖို့ ဖိတ်ခေါ်ထားလို့ပါခင်ဗျ။ ကျန်းမာရေးအတွက်တော့ အများကြီး အထောက်အကူပြုပါတယ်ခင်ဗျ၊ ကတဲ့အချိန်မှာ ကယ်လိုရီလည်း လောင်ကျွမ်းတယ်၊ ချွေးတွေ ထွက်တယ်၊ ပြီးတော့ ကနေရတဲ့အခါမှာ ပျော်နေတယ်။ အလုပ်လုပ်တဲ့အခါမှာ စိတ်ဖိစီးမှုလည်း လျော့နည်းတာပေါ့နော်”  ကိုစောနောင်-အကပညာရှင် (Jade Dragon အကအဖွဲ့) က ပြောပါတယ်။

Zumba အကဟာ အေရိုးဘစ်နဲ့ Dance အကတို့ကို ပေါင်းစပ်ထားတဲ့ ကိုယ်ကာယကြံ့ခိုင်ရေး အားကစားတစ်မျိုး ဖြစ်ပြီးတော့ ဒီအကဟာ ခန္ဓာကိုယ် တစ်ကိုယ်လုံး လှုပ်ရှားဆော့ကစားရတာ ဖြစ်တာကြောင့် လူတစ်ကို်ယ်မှာရှိတဲ့ ကယ်လိုရီ လောင်ကျွမ်းခြင်းကို အထောက်အကူဖြစ်စေပြီး ဇီဝကမ္မတိုးတက်မှုဖြစ်စဉ်တွေကို အကျိုးပြုမှာဖြစ်ပါတယ်။  အခုစီးပွားရေးမြို့တော် ရန်ကုုန်မြို့မှာပထမဆုံးအကြိမ်ကျင်းပတဲ့ Zumba_Under the Sky with Pocari Sweat ကပွဲသဘင်ကိုတော့ ရွှေမြန်မာတွေအပြင် နိုင်ငံတကာZumbaအကကို နှစ်သက်သူတွေပါ ပါ၀င်ဆင်နွှဲကြတာ ဖြစ်ပါတယ်။ ဒီအကကို အကျွမ်းတဝင်ဖြစ်အောင် နည်းပြဖို့အတွက် UK,မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့က Zumba အက ကျွမ်းကျင်သူ နည်းပြတွေကိုပါ ပွဲစီစဉ်သူတွေက ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

 “ အဓိကက ZUMBA က အရမ်းသွက်တယ်၊ ပြီးတော့ သူ့ရဲ့ Dance Move တွေကလည်းပိုပြီးတော့ Exciting ဖြစ်တယ်၊ ပြီးသွားရင် ကယ်လိုရီလောင်ကျွမ်းမှု ပိုပြီးများမယ်လို့လည်းထင်တယ်၊ အဲ့အတွက် ကြောင့်မို့လိုZumbaကိုပိုပြီးတော့ ရွေးတာပါအခြား Dance တွေထက် စာရင် ” လို့ မသဲစုမိုး (ဘဏ်ဝန်ထမ်း) က ပြောပါတယ်။

 “ကျွန်မ ဘယ်လိုနားလည်ထားသလဲ ဆိုတော့ အလုပ်လုပ်နေပြီးတော့ ဒီ Exercise က အလုပ်နဲ့ ပေါင်းလိုက်တဲ့ အခါမှာကျတော့ ဘာဖြစ်လဲဆိုတော့ အလုပ်မှာအများကြီး Productive ဖြစ်တယ်လို့ ကျွန်မယူဆတယ်။ ကျန်းမာရေးကောင်းမှပဲ ကျွန်မစာသင်တဲ့ ဘက်မှာပိုပြီးတော့ အားစိုက်ထုတ်လို့ရမယ်ပေါ့နော်” လို့  မခင်သူသူဝင်း (@Fiona - ဆရာမ) က ပြောပါတယ်။

ကိုယ်ကာယ ကြံ့ခိုင်ရေးအတွက် ခန္ဓာကိုယ် အသားပေး လှုပ်ရှားမှုတွေကို တေးဂီတ သံစည်းချက်အတိုင်း ရို်က်ခတ် ကပြကစားရတဲ့ Zumba အကဟာ နိုင်ငံတော်တော်များများမှာ ခေတ်စားနေပြီး လူတိုင်းနီးပါး ကျန်းမာရေး လေ့ကျင့်ခန်းအနေနဲ့ ဆော့ကစားကခုန်လေ့ရှိပြီးခေတ်စားတဲ့ အက ဖြစ်နေပါတယ်။ ဒီအကကို လူသစ်တစ်ယောက်တောင် လွယ်လင့်တကူ ပါ၀င်ဆင်နွှဲနိုင်တာကြောင့် သိပ်ပြီးခက်ခဲတဲ့ အကတော့ မဟုတ်တာတော့ သေချာပါတယ်။ လေ့ကျင်ခန်း အရတော့ ဒီအကက အများကြီးတော့ လှုပ်ရှားရမှာဖြစ်ပါတယ်။ ဒါကြောင့် ချွေးထွက်မယ်၊ စွမ်းအင် လောင်ကျွမ်းမှုတွေ ဖြစ်ပြီးတော့ ကပြီးသွားရင်တော့ လန်းဆန်းမှုတွေကို ခံစားရဖို့ရှိနေပြီး နေ့သစ်တွေအတွက် အဆင်သင့် ဖြစ်စေမှာပါ။

 “ တေးလုံးတွေဆိုလည်း သိပ်ကောင်းသလို ပတ်ဝန်းကျင်ကလည်း အရမ်းကောင်းတယ်၊ ပရိသတ်တွေလည်း အရမ်း နှစ်သက်ပျော်ရွှင်မယ်လို့ မျှော်မှန်းပါတယ်၊ အဲဒါကြောင့် ကျွန်တော်တို့လည်း အလားတူ အခမ်းအနားမျိုးကို ဆက်လက် ပူးပေါင်းဆောင်ရွက်ဦးမှာပါ၊ မိဘပြည်သူများလည်း ပျော်ရွှင်ကြဦးမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ” လို့ Makoto Ikemoto (Country Manager-Pocari Sweat) ကပြောပါတယ်။

Pocari Sweat အနေနဲ့ လူအများကြီးနဲ့ Zumbaကပွဲသဘင်ကိုအဓိကကူညီပံ့ပိုးပေးတာအာရှနဲ့ အရှေ့တောင် အာရှ နိုင်ငံတွေမှာ မြန်မာကပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။ Pocari Sweat အနေနဲ့ အခုလိုကျန်းမာရေး အထောက်အကူပြု Zumba ကပွဲသဘင်ကို ဒီနှစ်ထဲမှာ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ကျင်းပနိုင်ဖို့ စီစဉ်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ တုန်းကလည်း Pocari Sweat Run 2016 ကိုကျင်းပခဲ့ပါတယ်။ အဲဒီလိုကျင်းပရခြင်း ရည်ရွယ်ချက်အနေနဲ့ကလည်း မြန်မာပြည်သူ၊ ပြည်သားတွေကို ကျန်းမာရေး အလေ့အထ ကောင်းတွေ ရရှိစေဖို့နဲ့ ကျန်းမာရေးအသိပညာများ ရရှိစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။ Pocari Sweat အိုင်းရင်းဓာတ် ဖြည့်အချိုရည်ကို ထုတ်လုပ်တဲ့ ကုမ္ပဏီအနေနဲ့ ပြည်သူလူထုများ လေ့ကျင်ခန်း ပုံမှန်လုပ်ကိုင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး Pocari Sweat က Running Club တွေကိုလည်း လစဉ်လတိုင်း ပြုလုပ်ပေးလျက်ရှိပါတယ်။

Pocari Sweat Facebook Page https://www.facebook.com/PocariSweatMyanmar/ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required