စစ်ထဲဝင်ရောက်မည့်ရက်စွဲနှင့် ပတ်သက်သော ကောလဟာလများအား လီမင်ဟို၏ အေဂျင်စီဖြေရှင်း

စစ်ထဲဝင်ရောက်မည့်ရက်စွဲနှင့် ပတ်သက်သော ကောလဟာလများအား လီမင်ဟို၏ အေဂျင်စီဖြေရှင်း

နာမည်ကျော်ကိုရီးယားမင်းသား လီမင်ဟိုသည် မကြာခင် မဖြစ်မနေ စစ်မှုထမ်းရတော့မည့် အကြောင်းနှင့် စစ်ထဲ ဝင်ရောက်မည့်ရက်စွဲနှင့် ပတ်သက်သည့်  ကောလဟာများအား   ဖြေရှင်းရန်အတွက်သူ၏ အေဂျင်စီကတရားဝင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

MYM Entertainment ကုမ္ပဏီမှ ဇန်နဝါရီ၃၁ရက်နေ့တွင် “ မင်းသားလီမင်ဟို စစ်မှုထမ်းရတော့မယ့် အချိန်ရဲ့ ရက်စွဲတိတိကျကျနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မကြားရသေးပါဘူး။ ဒါ့အပြင်ဒီကိစ္စနှင့် ပတ်သက်ပြီး သူဟာသတိ တောင်မထားမိပါဘူး” ဟု ပြောခဲ့သည်။

အစောပိုင်းတုန်းက အချို့မီဒီယာများသည် မင်းသားလီမင်ဟိုဟာ ဖေဖေါ်ဝါရီလအတွင်းသူ၏ ပြည်တွင်းပရိသတ် များနှင့်တွေ့ဆုံပြီးနောက် လာမည့် မတ်လသို့မဟုတ် ဧပြီလတွင် စစ်မှုထမ်းရတော့မည်ဖြစ်ကြောင်း သတင်း ရေးသားခဲ့ကြသည်။

အကယ်၍ စစ်မှုထမ်းရမည့် အချိန်ရောက်လာပါက လီမင်ဟိုသည် ၂၀၀၆ခုနှစ်၌ ယာဉ်မတော်တဆဖြစ်မှုကြုံ တွေ့ခဲ့ရပြီး ခြေထောက်အတွင်း သတ္တုချောင်းထည့်သွင်းခဲ့ရမှုကြောင့် စစ်မှုထမ်းခြင်းအစား အစိုးရလုပ်ငန်းဌာန များတွင်အမှုထမ်းသွားရမည်ဖြစ်သည်။

လီမင်ဟိုသည် မကြာသေးခင်ကမှ SBS ရုပ်သံလှိုင်း၏ ပေါက်ကားတစ်ကားဖြစ်သော “ The Legend of the Blue Sea” ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required