"Fantastic Beasts and Where to Find Them" ရုပ်ရှင်ကတော့ သူ့ရဲ့ပွဲဦးထွက်မှာပဲ ဝင်ငွေ ဒေါ်လာရ၅သန်း ရရှိကာ ယခုအပတ် box office ရဲ့ ထိပ်ဆုံးနေရာကို လွှမ်မိုးထားလိုက်ပါပြီ။
ဒီရုပ်ရှင်ဟာ စုစုပေါင်း ငါးကားထွက်ရှိဖို့စီစဉ်ထားပြီး ပွဲဦးထွက်မှာပဲအခြေအနေကောင်းသောကြောင့် Warner Bros ထုတ်လုပ်ရေး ကုမ္ပဏီ အနေနဲ့ နောက်ဇာတ်ကားတွေမှာ ငွေထပ်မံရင်းနှီးပြီး ထုတ်လုပ်သွားဖို့ မျှော်လင့်ချက်ကောင်းတွေတော့ ရရှိလာခဲ့ပါတယ်။
ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဟာ ဒီဇာတ်ကားအတွက် အကုန်အကျစုစုပေါင်း သန်း၁၈၀ ကုန်ကျခဲ့ပါတယ်။အော်စကာဆုရှင် Eddie Redmayne ဟာ မှော်ကျောင်းဆရာ နဲ့ မှော်တိရစ္တာန် တွေကိုလိုက်လံ ထိန်းသိမ်းတဲ့ ဇာတ်ကောင် Newt Scamander နေရာကနေပါဝင်ထားပြီး ဇာတ်ညွှန်းကိုတော့ J.K.Rowling ကရေးသားကာ ဒါရိုက်တာ David Yates က ရိုက်ကူးထားတာ ဖြစ်ပါတယ်။