ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းမေလ ၂၂ ရက်တွင် မြန်မာနိုင်ငံလာမည်

ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းမေလ ၂၂ ရက်တွင် မြန်မာနိုင်ငံလာမည်

မေ ၁၄၊ ရန်ကုန်။           ။ ၂၀၁၅-၁၆ဘောလုံးရာသီ ပရီးမီးယား လိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းသည် မြန်မာနိုင်ငံသို့ လာရောက်ရန်စီစဉ်နေကြောင်း သိရသည်။

လက်စတာစီးတီးအသင်းမှာ ၂၀၁၄ဘောလုံးရာသီက ပရီးမီးယားလိဂ်သို့ တန်းတက်လာပြီးနောက် နှစ်နှစ်အတွင်းပရီးမီး ယားလိဂ်ချန်ပီယံဖြစ်လာခြင်းဖြစ်သည်။ လက်စတာစီးတီးအသင်းကို ထိုင်းခရီးသွားလုပ် ငန်းကုမဏီ ကင်းပါဝါကပိုင်ဆိုင်ပြီး မေလ ၁၉နှင့် ၁၈ရက်များတွင် ထိုင်းနိုင်ငံသို့လာ ရောက်မည်ဖြစ်ကာ ယင်းမှတစ်ဆင့်ရွှေတိဂုံ ဘုရားကိုလာရောက်ဖူးမျှော်ရန်အတွက် ရန်ကုန် မြို့သို့လာရောက်ရန်စီစဉ်ထားခြင်းဖြစ်သည်။  လက်စတာစီးတီးအသင်းမြန်မာနိုင်ငံလာရောက် မည့်အခြေအနေနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ ပါကစ် ကြော်ငြာကုမဏီမန်နေဂျာ ဦးချမ်းမြေ့ကိုကိုလွင်က “မေလ ၂၂ရက် နေ့လည်ပိုင်းကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကိုလာမှာပါ။ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်မယ်ဆိုတာကလွဲပြီး အသေးစိတ်မသိရသေးပါဘူး။ သတင်းအသေး စိတ်ကို ထုတ်ပြန်ပေးပါမယ်။”ဟု ပြောသည်။

လက်စတာအသင်းမြန်မာနိုင်ငံသို့လာရောက် ဖြစ်ပါက မြန်မာနိုင်ငံသို့လာရောက်သည့် ပထမဆုံး ပရီးမီးယားလိဂ်အသင်းဖြစ်လာမည်ဖြစ်သည်။ လက်စတာအသင်းမတိုင်ခင်က မြန်မာနိုင်ငံကို ပရီးမီးယားလိဂ်ကလပ် မန်ယူကစားသမားဟောင်း များဖြစ်သော အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်တို့လာ ရောက်ခဲ့ဖူးသည်။ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာ အသင်းမှာ မြန်မာနိုင်ငံတွင်ခြေစမ်းပွဲကစားမည် မဟုတ်ပဲ ရွှေတိဂုံဘုရားကိုသာလာရောက်မည် ဖြစ်ကာ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။ လက်စတာအသင်းပိုင်ရှင် ထိုင်းလူမျိုး ဗီချိုင်း၏စီစဉ်မှုဖြင့်လက်စတာအ သင်း ထိုင်းနှင့်မြန်မာနိုင်ငံသို့လာရောက်ခြင်း ဖြစ်ကာ ယင်းနိုင်ငံများမှလက်စတာဖန်ကလပ် များနှင့်လည်းတွေ့ဆုံမှုပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required