လောင်းလုံးမြို့နယ်တွင် လူနေအိမ်နှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

By ကိုရွှေမြိတ် (မဇ္ဈိမ)
26 November 2023
လောင်းလုံးမြို့နယ်တွင် လူနေအိမ်နှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် သပြေရှောင်ရွာရှိ လူနေအိမ်နှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာလ ၂၃ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးသွားသည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) တာဝန်ရှိသူက ပြောသည်။

ဒေသခံများ၏ ဆိုင်ကယ်အစီး ၂၀ ကျော် အပါဝင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် နေအိမ်ပေါ်ရှိ ပစ္စည်းများကို ခိုးယူသွားခြင်းများ ရှိသည်ဟုဆိုသည်။ ထို့ပြင် ဒေသခံများကို ခြိမ်းခြောက်သည့်စာများ အိမ်နံရံများတွင် ရေးသားခဲ့ကြောင်း သိရသည်။

#Photonews
#တနင်္သာရီတိုင်း
#သပိတ်လှုပ်ရှားမှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required