ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဖြေရှင်းပေးစေလိုတဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြဿ နာတစ်ခု

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဖြေရှင်းပေးစေလိုတဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြဿ နာတစ်ခု

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်မှာနေတဲ့ ဦးကြည်ထွန်းရေး လိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ ဦးကြည်ထွန်းဟာ အငြိမ်းစား စစ်မှုထမ်း တစ်ဦးဖြစ်ပြီး စာဖတ်ဝါသနာပါလို့ နေ့စဉ်ထုတ်ဝေနေ တဲ့ သတင်းစာတွေကို ဖတ်ရသူဖြစ်တဲ့အပြင် အင်တာနက် အသုံးပြုသူတစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။သတင်းစာတစ်စောင်ထဲမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်အသစ် ဦးဖြိုးမင်းသိန်းက ယာဉ်ကြောပိတ်ဆို့မှု၊ ရေကြီးရေလျှံမှု အပါအဝင် ရန်ကုန်မှ ပြဿနာများကို အစွမ်းကုန် ဖြေရှင်းပေး မည်ဖြစ်ပြီး ပြည်သူများ လိုလားသည့် အစိုးရတစ်ရပ် ဖြစ်ရန် ကြိုးပမ်းမည်လို့ ရေးထားတာကို ဖတ်ရတဲ့ အတွက် ရန်ကုန်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းပေးစေလိုတာရယ်၊ မဇ္ဈိမ ဒီဂျစ်တယ်သ တင်းစာအနေနဲ့ ပြည်သူတွေရဲ့ အခက်အခဲနဲ့ အဆင်မပြေတာတွေကို ဖော်ပြပေးနေတာတွေကိုလည်း ဖတ်ရတဲ့အတွက်ကြောင့်ရယ်တို့ကြောင့် ရေးသားပေးပို့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

သူပြောချင်တဲ့ အကြောင်းအရာကတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဆင်ခြေဖုံးလို့ခေါ်တဲ့ မြို့စွန် တွေမှာ စီးပွားရေးသမားအချို့က လယ်မြေတွေကို အကွက်ရိုက်ပြီး ရောင်းချနေတာကို ဝယ်မိသူတွေ အနေနဲ့ တရားဝင် နေထိုင်ခွင့် ရ၊ မရနဲ့ မရဘူးဆိုရင်လည်း ရောင်းချသူတွေကို အစိုးရအနေနဲ့ အရေးယူမှာလား၊ ဒါမှမဟုတ် ဝယ်ထားတဲ့သူတွေကို တရားစွဲမှာလားဆိုတာ သိချင်လို့ သက်ဆိုင်ရာ တာဝန်ရှိသူများ သိအောင် စာရေးပေးပို့ခဲ့တာပါ။

ကုမ္ပဏီတစ်ခုက စာစောင်တွေမှာ အိုးမဲ့အိမ်မဲ့ ဆင်းရဲသား အခြေခံ လူတန်းစားများအတွက် ပေ ၂၀×၆၀ မြေကွက်များကို အရစ်ကျစနစ်ဖြင့် တာဝန်ယူရောင်းချပေးမယ်။ မြေတစ်ကွက်ကို ၁၀ သိန်း ကျပ်နှုန်းနဲ့ ရောင်းချမယ်ဆိုတာ ဖတ်ရတယ်။ ရောင်းမယ့်နေရာက မင်းနေတဲ့ ရွှေပြည်သာမြို့နယ် ထဲမှာမို့ လာစုံစမ်းတာဆိုပြီး သူငယ်ချင်း ရဲဘော်ဟောင်းတစ်ယောက် ရောက်လာပါတယ်။ သူလည်း အိမ်ငှားနေရသူ ဖြစ်တဲ့အတွက် ရင်းနှီးသူအချင်းချင်း အနီးကပ်နေကြမယ့် စိတ်ကူးနဲ့ နှစ်ယောက်သား ကြော်ငြာမှာပါတဲ့ ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်ပြီး နေရာမေးလို့ သွားခဲ့ကြတယ်လို့ ဆိုပါတယ်။ လှော်ကားကနေ ဝါးတစ်ရာဘက်သွားတဲ့ ကားလမ်းအတိုင်းကနေ သွားကြရတာပါ။ ကုမ္ပဏီက အရောင်းဝန်ထမ်းဆိုသူနဲ့ တွေ့တော့ မြေတစ်ကွက်ရဲ့ တန်ဖိုးက ကြော်ငြာသလို မဟုတ်ဘဲ ၁၃ သိန်း ကနေ ၁၅ သိန်းဖြစ်နေပါတယ်။ ပြီးတော့လည်း မြေက လယ်မြေလို့ ဆိုတာကြောင့် တပ်က သူငယ် ချင်းတစ်ဦး ပြောဖူးတဲ့အဖြစ်ကို သတိရသွားတာကြောင့် ပါလာတဲ့ သူငယ်ချင်းကို လက်ကုတ်ပြီး ပြန်လာခဲ့ရတယ်လို့ ရေးပါတယ်။

သူနဲ့ တပ်က အတူထွက်ခွင့်ရတဲ့ သူငယ်ချင်းတစ်ဦးလည်း လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ရန်ကုန် တိုင်း ထန်းတပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ်မှာ အဲဒီ ကုမ္ပဏီကပဲ ပေ ၂၀×၄၀ ကို တစ်ကွက် ၇ သိန်းနဲ့ ရောင်းတာကို ဝယ်ခဲ့ဖူးပါတယ်။ နွေမှာ ခြောက်နေပေမယ့် မိုးတွင်းမှာတော့ ပေါင်လယ်ကျော် တဲ့အထိ ရေမြှုပ်တဲ့ လယ်ကွင်းပါ။ ငွေပေးတဲ့အချိန်မှာတော့ မြေဂရန်ကျအောင် သူတို့ တင်ထား ပါတယ်။ ၃ လအတွင်း ဂရန်ကျလာမှာဆိုပြီး အပြောတွေကောင်းပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီနေ့အချိန်အထိ ရေရာတာ တစ်ခုမှ မတွေ့ရပါဘူး။ လမ်းမရှိ၊ မီးမရှိ၊ ရေမရှိတဲ့အတွက် ဘယ်သူမှ အိမ်ဆောက်မနေတဲ့ လယ်ကွက်ကို လမ်းစရိန်အကုန်ခံပြီး ကိုယ်ပိုင်တယ်ဆိုတဲ့ မြေနေရာလေးကိုပဲ မကြာခဏ သွားကြည့်နေရတယ်လို့ သူငယ်ချင်းပြောတာ သတိရမိပါတယ်လို့ ရေးပါတယ်။

သူ့မိတ်ဆွေ ရှေ့နေတစ်ယောက်ပြောတော့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်မရဘဲ လယ်မြေမှာ နေထိုင်ခွင့် မရှိဘဲ မဆလလက်ထက်မှာ လယ်မြေမှာ အိမ်ဆောက်နေတဲ့ လယ်သမားတွေကို ထောင်ချခဲ့တာ ကြုံဖူးတယ်လို့ ပြောပါတယ်။ ဥပဒေကို လေးစားလိုက်နာသူတစ်ဦးအနေနဲ့ မြေပိုင်၊ အိမ်ပိုင်နဲ့ မနေရရင် နေပါစေ။ ဒီလိုလုပ်ရပ်မျိုးတော့ မလုပ်ကြစေချင်ဘူး။ ဝယ်ထားမိသူတွေအနေနဲ့ ငွေကြေးချမ်းသာလို့ ဝယ်ခဲ့ကြမှာလည်း မဟုတ်ပါဘူး။ မရှိဆင်းရဲသားတွေအတွက် ဒီလိုမျိုး ဝယ်ခဲ့မိ တာဟာ သူတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ဒါကို အရင်အစိုးရဟောင်းက ဘာမှ မလုပ်ပေးခဲ့ပေ မယ့် အခု ဦးဖြိုးမင်းသိန်း ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထက်မှာတော့ အရေးယူ ဆောင်ရွက်ပေး စေလိုပါတယ်။ နေခွင့်ပြုလို့ ရရင်ရ၊ မရဘူးဆိုရင်လည်း ဝယ်ထားသူတွေကို ကုမ္ပဏီက ငွေပြန်ပြီး ပေးတာ၊ နစ်နာကြေးပေးတာတွေကို ပြုလုပ်ပေးအောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးစေလိုပါတယ်။ ဥပဒေကို လက်တစ်လုံးခြားပြီး မသိနားမလည်သူတွေကို ရိုက်စားလုပ်နေတဲ့ သူတွေကို ထိထိရောက် ရောက် အရေးယူပေးစေလိုတာကြောင့် မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရေးလာတဲ့စာကို ဖော်ပြလိုက်ပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required