လူမှောင်ခိုဂိုဏ်းများက ရွှေ့ပြောင်းများကို ဗြိတိန်သို့ပို့ရန် တရုတ်မှ ရော်ဘာလှေများ ဝယ်ယူ 

By The Sun
06 February 2023
လူမှောင်ခိုဂိုဏ်းများက ရွှေ့ပြောင်းများကို ဗြိတိန်သို့ပို့ရန် တရုတ်မှ ရော်ဘာလှေများ ဝယ်ယူ 

တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ်ရှိ စက်ရုံအချို့သည် တောင်ဘက်ကမ်းရိုးတန်းတွင် ဆိုက်ကပ်သော လှေများကို ထုတ်လုပ်ပေးသည့် အဓိကအရင်းအမြစ်ဖြစ်ကြောင်း ဗြိတိန်ရာဇဝတ်မှုအေဂျင်စီက အတည်ပြုသည်။ 

အဆိုပါလှေများကို တရုတ်အွန်လိုင်းစျေးကွက်  Alibaba တွင် တန်ဖိုး ပေါင် ၂၀၀ ခန့်မှစ၍  ရောင်းချသည်။
ယခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၈၀ ၀၀၀ ကျော် ရှိလာမည်ဟု စိုးရိမ်နေရချိန်တွင် ရော်ဘာလှေများကို  ၁ ပတ်အတွင်း ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာသို့မဆို ပို့ဆောင်ပေးနိုင်ကြောင်း Alibaba ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

သေးငယ်သော PVC လှေတန်ဖိုးမှာ ပေါင် ၂၀၀ ရှိပြီး၊ ၇ ပေခွဲ အရှည်ရှိသော ဖိုင်ဘာလှေက ပေါင် ၇၀၀ မှ ပေါင် ၉၀၀ ကြားနှင့် ၂၅ ပေရှည်သော လေထိုးလှေများမှာ ပေါင် ၁၀ ၀၀၀ ဝန်းကျင်ရှိသည်ဟုဆိုသည်။

ဗြိတိန်ပြည်ထဲရေးရုံးက  လူမှောင်ခိုသမားများအပေါ် ဥပဒေများ တင်းကျပ်ရန် ဂျာမနီနိုင်ငံနှင့် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။
လှေများသည် ဂျာမနီနိုင်ငံသို့ရောက်ရှိကာ ပြင်သစ်သို့ ဆက်ပို့ဆောင်ကြောင်း ခြေရာခံမိထားသည်။ 

ဥရောပအတွင်း လှေရောင်းချမှုကို ထိန်းချုပ်ထားသောကြောင့် နယ်စပ်ဖြတ်ကျော်မှုအတွက် ပေါင် ထောင်ပေါင်းများစွာ ကောက်ခံသော လူမှောင်ခိုဂိုဏ်းများသည် တရုတ်သွင်းကုန်များအပေါ် အားကိုးလာကြသည်။
လှေအမြောက်အများကို အွန်လိုင်းတွင် ကြော်ငြာကာ ရောင်းချသည့် ကုမ္ပဏီများရှိကြောင်း ဗြိတိန်ရာဇဝတ်မှုအေဂျင်စီမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required