အိန္ဒိယက တရုတ်နိုင်ငံမှ သံမဏိပိုက်သွင်းကုန်အပေါ် ပစ္စည်းများ ဈေးလျှော့ရောင်းချမှု ကာကွယ်ရေးဆိုင်ရာ အခွန်စည်းကြပ်

အိန္ဒိယက တရုတ်နိုင်ငံမှ သံမဏိပိုက်သွင်းကုန်အပေါ် ပစ္စည်းများ ဈေးလျှော့ရောင်းချမှု ကာကွယ်ရေးဆိုင်ရာ အခွန်စည်းကြပ်

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက တရုတ်နိုင်ငံမှ သွင်းကုန်များဖြစ်သည့် သံမဏိပိုက်ချောင်းများနှင့် ပိုက်များအပေါ်၅ နှစ်သက်တမ်းရှိ ပစ္စည်းများ ဈေးလျှော့ရောင်းချမှု ကာကွယ်ရေးဆိုင်ရာ အခွန်စည်းကြပ် လိုက်ပြီး ထုတ်လုပ်သူအပေါ်မူတည်လျက် ၁ တန်လျှင် ၁၁၄ ဒေါ်လာ မှ ၃ ၈၀၁ ဒေါ်လာအထိ ကောက်ခံမည်ဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်ရေးကုစားမှုညွှန်ကြားမှုဦးစီးဌာန (DGTR) က တရုတ်နိုင်ငံမှ သံမဏိပြွန်များနှင့် ပိုက်လုံးများကို စုပုံတန်ပြန်ခွန်စည်းကြပ်ရန် ယခုနှစ်စက်တင်ဘာလတွင် အကြံပြုပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

Chandan Steel Ltd၊ Tubacex Prakash India Pvt Ltd နှင့် Welspun Specialty Solutions Ltd တို့က အဆိုပါ တရုတ် ထုတ်ကုန်များအပေါ် ပစ္စည်းများ ဈေးလျှော့ရောင်းချမှု ကာကွယ်ရေးဆိုင်ရာ အခွန်စည်းကြပ် ရေးဆိုင်ရာစုံစမ်းစစ်ဆေးမှုများလုပ်ရန် ကြိုးပမ်းလာပြီးနောက် DGTR က စစ်ဆေးမှု စတင်ခဲ့သည်။

ယင်းအခွန်စည်းကြပ်မည့် အစိုးရ၏အရွေ့သည် အိန္ဒိယရှိ Ratnamani Metals and Tubes နှင့် Venus Pipes ကဲ့သို့သောကုမ္ပဏီများအတွက် အကျိုးရှိပေလိမ့်မည်ဟု ၎င်းနယ်ပယ်ကျွမ်းကျင်သူများက ပြောသည်။

သံမဏိပြွန်များနှင့်ပိုက်များကို အဆောက်အအုံ ဖွဲ့စည်းမှုများနှင့် အရည်နှင့်ဓာတ်ငွေ့များ လွှဲပြောင်းရန် အသုံးပြုကြသည်။

ထို့ပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ရေနံဓာတုပစ္စည်းနှင့် ရေနံချက်စက်ရုံများ၊ အနုမြူစွမ်းအင်၊ နျူကလီးယားနှင့် အပူစွမ်းအင်အပါအဝင် ဓာတ်အားပေးစက်များနှင့်ဆက်စပ်၍လည်း အသုံးပြုကြသည်။

ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့်ဈေးကွက်များအား ပြည်ပသွင်းကုန်များ၏ မမျှတသောယှဉ်ပြိုင်မှုမှ ကာကွယ်နိုင်ရန် စုပုံတန်ပြန်ခွန်စည်းကြပ်မှုကိုပြဋ္ဌာန်းကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly