ဂျူဗီတပ်စ်ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာရဲ့ အကိုဖြစ်သူ မာသီးယက်စ် ငွေညှစ်ဖို့ ကြံစည်မှုနဲ့ စွဲချက်တင်ခံရ

ဂျူဗီတပ်စ်ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာရဲ့ အကိုဖြစ်သူ မာသီးယက်စ် ငွေညှစ်ဖို့ ကြံစည်မှုနဲ့ စွဲချက်တင်ခံရ

မာသီးယက်စ် ပေါ့ဂ်ဘာဟာ အစ်ကိုဖြစ်သူ ပေါလ်၊ ပြင်သစ်နဲ့ ဂျူဗင်တပ်စ်ကွင်းလယ်လူထံကနေ ငွေညှစ်ဖို့ ကြံစည်မှုနဲ့ စွဲချက်တင်ခံထားရပြီး ထိန်းသိမ်းခံထားရပါတယ်။

ငွေညှစ်မှုနှင့် ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းမှုအတွက် တရားဝင် စုံစမ်းစစ်ဆေးမှုအောက်မှာ လူလေးဦးကိုလည်း ထားရှိထားကြောင်း တရားရေးသတင်းရင်းမြစ်တွေက ရိုက်တာနဲ့ အေအက်ဖ်ပီသတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

မာသီးယက်စ် ပေါ့ဂ်ဘာရဲ့ ရှေ့နေ ရာဆီနီ ဘော့ဇာရူးက သူ့ရဲ့အမှုသည် အပြစ်မရှိကြောင်း ပြောပါတယ်။

"ကျနော်တို့ ဒီဆုံးဖြတ်ချက်ကို စိန်ခေါ်သွားမှာ ဖြစ်ပါတယ်။"လို့ သူက ပြင်သစ်ရုပ်သံလိုင်း BFMTV ကို ပြောဆိုခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် မာသီးယက်စ် ပေါဂ်ဘာက အသက် ၂၉ နှစ်အရွယ် ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမားနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောဆိုတဲ့ ကတိပေးချက်တွေကို ပြီးခဲ့တဲ့လက အွန်လိုင်းမှာ ပေါ်ထွက်ခဲ့တဲ့ ဗီဒီယိုတစ်ခုရဲ့ နောက်ကွယ်မှာ သူရှိနေခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

မိသားစုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ခုရဲ့ အဆိုအရ ပေါ့ဂ်ဘာဟာ အပေးအယူလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗီဒီယိုတွေကို ဖြန့်လိုက်တာကနေ ရှောင်ရှားလိုရင် ပေါလ်ပေါ့ဂ်ဘာထံကနေ ငွေကြေးအမြောက်အမြား တောင်းခံထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ပေါ့လ် ပေါလ်က သူ့ကို ဖွဲ့စည်းထားတဲ့ ဂိုဏ်းတစ်ခုကနေ ခြိမ်းခြောက် ငွေညှစ်ဖို့ ပစ်မှတ်ဖြစ်တယ်လို့ ပြောဆိုပြီးနောက် ပြင်သစ်အစိုးရ ရှေ့နေတွေဟာ တရားရေးဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေကို အခုလ အစောပိုင်းမှာ အမှုဖွင့်ခဲ့ပါတယ်။

သူဟာ ယူရို ၁၃ သန်း (ပေါင် ၁၁.၂၉ သန်း) လိမ်လည်ဖို့  ခြိမ်းခြောက်ငွေညှစ်မှုရဲ့ ပစ်မှတ်ဖြစ်တယ်လို့ ဇူလိုင် ၂၆ ရက်နေ့မှာ တူရင်အစိုးရရှေ့နေတွေထံ တိုင်ကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ မန်ယူချက်တာယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

မာသီးယက်စ် ပေါဂ်ဘာဟာ ဂီနီအသင်းမှာ ပါဝင်ကစားခဲ့တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးလည်း ဖြစ်ပြီး ခရူ၊ ဝရက်စ်ဟန်း၊ ခရောလီ၊ ပါတစ် တီဆယ်လ်တို့အပါအဝင် ဥရောပတစ်ဝှမ်းက ကလပ်အသင်းတွေအတွက် ကစားပေးခဲ့သူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required