7July အခမ်းအနား ရန်ကုန်တက္ကသိုလ်တွင် ကျင်းပ

၅၃နှစ်မြောက် 7July အထိမ်းအမှတ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောက်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဇွန်လိုင်လ ၇ရက် နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်ကျောင်ဝင်း အတွင်းရှိ ဗိုလ်အောင်ကျော် ကျောက်တိုင်နားတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် လွမ်းသူပန်းခွေချကာ အလေးပြုနေစဉ်။(ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ) ၁၉၆၂ ခုနှစ် မတ်၂ ရက်တွင် ဗိုလ်ချုပ် နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ပြီးနောက်တွင် ကျောင်း သားများက အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ဇွန်လ ကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းဆောင်ဥပဒေ ၂၂ ချက်ကို ထုတ်ပြန်ခဲ့ခြင်းကြောင့် ဇူလိုင်လအတွင်းမှ စတင်ကာ တက္ကသိုလ်များ အတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၇ ရက်တွင် တော်လှန်ရေး ကောင်စီမှ ရန်ကုန်တက္ကသိုလ် ဝင်းအတွင်း ဝင်ရောက် ပစ်ခတ် နှိမ်နှင်းမှုကြောင့် ကျောင်းသားများစွာ သေဆုံးခဲ့ပြီး ဇူလိုင် ၈ ရက်တွင် ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ဗုံးခွဲ ဖျက်စီးခဲ့ရာမှ ဆဲဗင်းဂျူလိုင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။