မိုးကုတ်မြို့ ရေပူကျောင်းဆရာတော်ကို ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် အမြန်ဆုံးလွှတ်ပေးဖို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်

မိုးကုတ်မြို့ ရေပူကျောင်းဆရာတော်ကို ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် အမြန်ဆုံးလွှတ်ပေးဖို့အတွက် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၆ ရက်နံနက်ပိုင်းက မိုးကုတ်မြို့ပေါ်တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်စဉ်။(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
၎င်းဆန္ဒထုတ်ဖော်ပွဲကို အင်အား ၁၀၀၀ ခန့် ပါဝင်ခဲ့သည်။ ရေပူကျောင်းဆရာတော် အရှင်ဣန္ဒက ကိုသက်ဆိုင်ရာမှမြန်မာနိုင်ငံကျောက်မျက်လုပ်ငန်ဥပဒေအပါအဝင် ပုဒ်မ ၃ ခုဖြင့် ဇွန် ၉ ရက်နေ့ကလူဝတ်လဲဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ရေပူဆရာတော်ကို ဇူလိုင် ၇ ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။