သမဝါယမကဏ္ဍ၏ အတိတ်ကအမှားများကို သင်ခန်းစာယူဖို့ ဒုသမ္မတပြော

သမဝါယမကဏ္ဍ၏ အတိတ်ကအမှားများကို သင်ခန်းစာယူဖို့ ဒုသမ္မတပြော ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတက်ရောက်သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားအား အစိုးရရုံး စိုက်ရာ နေပြည်တော်ရှိ သမဝါယမဝန်ကြီးဌာနရုံး၊ အစည်းအဝေး ခန်းမတွင် ဇူလိုင် ၄ရက်က ကျင်းပစဉ်၊ (ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ)။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းကး အဖွင့်မိန့်ခွန်းအဖြစ် "သမဝါယမကဏ္ဍအပေါ် လူထုရဲ့အထင်အမြင်လွှဲမှားမှုများ ဖြစ်ပေါ်စေခဲ့တဲ့ အတိတ်က အမှားတွေကို သင်ခန်းစာယူ ပြုပြင် သွားရမှာဖြစ်ပါတယ်" ဟု ထည့်သွင်းပြောဆိုခဲ့သည်။