ဂျပန်နိုင်ငံမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၉၅,၀၀၀ ပံ့ပို့ပေးသည့် သဘောတူစာချုပ် လက်မှတ်ရေးထိုး

မြန်မာရွေးကောက်ပွဲများအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၉၅,၀၀၀ (ယမ်း ၁၁၁,၀၀၀,၀၀၀) ကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ တစ်ဆင့် ဂျပန်နိုင်ငံမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပံ့ပို့ပေးသည့် သဘောတူစာချုပ်ကို ဇွန်လ ၃၀ ရက်က လက်မှတ်ရေးထိုးလိုက်သည်။ (ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ) နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကော်မရှင် ဥက္ကဌ ဦးတင်အေး အပါအဝင် ကော်မရှင်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ တာတဲရှိဟီဂုရှိ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ဌာနေညွှန်ကြားရေးမှူး မစ္စတာ တွိုင်လီကာဗနော့ဗ်တို့ တက်ရောက်ခဲ့ကြသည်။