မြန်မာနိုင်ငံ၏ ပထမဆုံး KFC Myanmar အကြိုဖွင့်လှစ်ပွဲနှင့် မီဒီယာရှင်းလင်းပွဲ

နာမည်ကျော် အမေရိကန် ကြက်ကြော် KFC ၏ မြန်မာနိုင်ငံအတွက် ပထမဆုံးဆိုင်ကို အကြိုဖွင့်လှစ်ပြီး မီဒီယာ ရှင်းလင်းပွဲကို ဇွန် ၃၀ ရက် နံနက် ၉ နာရီခန့်က ရန်ကုန်မြို့ ၊ အမှတ် ၃၇၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ် (ဗိုလ်ချုပ်ဈေးနှင့် မျက်နှာချင်းဆိုင်) တွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ) မြန်မာနိုင်ငံ တွင်ရှိသော KFC ၏ franchise partner မှာ Yoma Strategic ဖြစ်ပြီး ဖွင့်ပွဲကို နံနက် ၁၀း၁၅ ထိ ကျင်းပခဲ့ကာ နေ့လည် ၁၂ နာရီ နောက်ပိုင်းတွင် ဝယ်ယူစားသုံးသူများ အတွက် ဖွင့်လှစ်ထားမည် ဖြစ်သည်။