ယင်းမာပင်မြို့နယ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက်ဆန္ဒပြ

ဇန်နဝါရီလ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် "တရားမဝင်အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ" စာသားပါဘန်နာနှင့် "သွေးမအေးတဲ့ ရွှေနွယ်သွေး"ဘန်နာတို့ကို ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၁၃ ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)