“ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက်ချီတက်ဆန္ဒပြ

အောက်တိုဘာလ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ ပြီးခဲ့သည့် အောက်တို့ဘာ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် စစ်ကြောင်း၏ ၅၉၅ ရက်မြောက်နေ့ အဖြစ် ဆက်လက်ချီတက် ဆန္ဒပြသည်။

လူထုသပိတ်စစ်ကြောင်းသည် ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျဆုံးခဲ့သူများအတွက် “ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ” စာတမ်းကိုင်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

ဆက်လက်၍ လူထုသပိတ်စစ်ကြောင်းသည် နွေဦးတော်လှန်ရေးအပါအဝင် တစ်နိုင်ငံလုံးမှ ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းအပေါင်းတို့ကို အလေးပြုခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
(ပုံ/ ဗီဒီယို သတင်း)

စာတည်း။   ။မောင်ကောင်း